Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

Tuesday, June 23, 2009

ဆီးဘန်နီဆရာတော်



သိဃ်တန်ဆောင်၊
ဘုန်းတော်မှောင်၍
ကုန်းဘောင်နေမီး၊
မထိန်ညီးက
တိုင်းကြီးပြည်ကြီး၊
အချည်းနှီးလျှင်
ထီးသုဉ်းနန်းသုဉ်း၊
မြို့သုဉ်းသုည
သုဉ်းသုံးဝဖြင့်၊
သုဉ်းရပြန်လစ်
သုညခေတ်ဝယ်၊
ဖြစ်လာရပေ
တို့တစ်တွေသည်
သေသော်မှတည့်၊
သြော် ကောင်းဧ။်

ဆီးဘန်နီဆရာတော်ရဲ့ကဗျာပါ
ညနေက တော်ဘုရားလေး(အောင်ဇေ)ရဲ့ ရတနာပုံမှ ရတနာဂီ၇ိသို့ ဆိုတဲ့ စာအုပ်လေးကို ဖတ်မိရင်း သတိရလို့ တင်ပေးလိုက်တာပါ နာမည်တော့ မသိပါဘူး သိတဲ့သူရှိရင် ပြောပေးကြပါခင်ဗျာ

Friday, June 12, 2009

ဘာဂါအလွမ်း


လာပေရော့ချစ်သူ
ပိတောက်ပန်းမပွင့်တဲ့နေရာတွေမှာ
"oh my god"တွေရှိတယ်ဆိုတာ
မင်းသိစေချင်စမ်းတယ်
ဘာဂါမစားတဲ့မင်းရဲ့အသည်းကို
ထန်းရည်နဲ့မြည်းကြည့်ချင်တယ်
လူသိပ်မများတဲ့ကလပ်တခုမှာပေါ့

(ပြီးခဲ့တဲ့ သင်္ကြန်တုန်းက ရေးခဲ့တဲ့ကဗျာလေးပါ ဒီနေ့မှ စက်ထဲလျှောက်ကြည့်ရင်း တွေ့လို့ တင်ပေးလိုက်ပါတယ်)


ကဲ ကဗျာလေးကို ကြည့်လိုက်ရအောင်
“ လာပေရော့ချစ်သူ ၊
ပိတောက်ပန်းတွေ မပွင့်တဲ့နေရာမှာ
oh my god တွေရှိတယ်ဆိုတာကို
မင်းသိစမ်းစေချင်တယ် ချစ်သူ “ တဲ့...
ဘယ်လောက်လှလိုက်တဲ့ အရေးအဖွဲ့လဲ...
ပိတောက်ပန်းဆိုတာ မြန်မာမှာပဲရှိတယ်..
ကဗျာဆရာက ပိတောက်ပန်းတွေ မပွင့်တဲ့နေရာ..
oh my god တွေရှိတဲ့နေရာလို့ ဖွဲ့ဆိုလိုက်တော့...
ကဗျာဆရာက လတ်တလောမှာ အမိမြေနဲ့ဝေးကွာတဲ့
နိုင်ငံရပ်ခြားကိုရောက်နေတယ်ဆိုတာ သိသာစေတယ်..
လာပေရော့ချစ်သူဆိုတဲ့အသုံးလေးကြောင့်ပဲ
သူ့ချစ်သူက မြန်မာမှာကျန်ခဲ့ပြီး..
သူတို့နှစ်ယောက်ဝေးနေ..လွမ်းနေတယ်ဆိုတာကို
ငွေ့ငွေ့လေး ခံစားမိပြန်တယ်..


ဘာဂါမစားတဲ့မင်းရဲ့အသဲဆိုတဲ့ အရေးအဖွဲ့လေးက..
ကဗျာဆရာရဲ့အလွမ်းကိုဖော်ပြရာရောက်တယ်..
ဆရာကချစ်သူကိုသူ့ဆီလာစေချင်တယ်...
ဒါပေမယ့်..ချစ်သူက အမိနိုင်ငံကနေမခွာချင်လို့..
ဆရာနဲ့ချစ်သူဆုံဆည်းခွင့်မရဘူး..
အဲဒီနေရာမှာ ခေါင်းမာတတ်တဲ့ချစ်သူရဲ့ အကျင့်ကိုပါ
တစေ့တစောင်းဖော်ပြပြီးသားဖြစ်နေတယ်

ထန်းရေနဲ့မြည်းကြည့်ချင်တယ်ဆိုတဲ့အဖွဲ့ကလေးကရော...
ဘာကိုညွှန်ပြသလဲဆိုရင်....
ထန်းရည်ဆိုတာ မြန်မာယာမကာလို့တင်စားလို့ရတဲ့
သဘာဝပင်ကျရည်စစ်စစ်လေးပဲဖြစ်တယ်...
ထန်းရည်နဲ့မြည်းချင်တယ်လို့ ဆိုလိုက်ကထဲက
ဆရာဟာ မြန်မာကို တမ်းတနေလွမ်းနေတယ်ဆိုတာ မြင်သာစေတယ်..
မတတ်သာလို့ ခပ်ခွာခွာနေရပေမယ့်
သူ့နှလုံးသားက ချစ်သူနဲ့ အမိမြေမှာပဲရှိတယ်ဆိုတာကို
ဖော်ကြူးလိုက်တယ်..
အဲဒီမှာ ဆရာရဲ့ ဇာတိမာန်..မျိုးချစ်စိတ်ကိုပါလှစ်ဟပြလိုက်တာဖြစ်တယ်...
လူသိပ်မများတဲ့ ကလပ်တစ်ခုမှာဆိုတာကတော့..
လောလောဆယ်ကဗျာရှင်ရဲ့တည်နေရာကို
ဖော်ညွှန်းလိုက်တာပဲဖြစ်တယ်...
ကဗျာရှင်က ဘယ်လိုပဲလွမ်းနေပါစေ..
အခြေနေကြောင့် သူက သူမပျော်ပိုက်တဲ့ ကလပ်ထဲမှာပဲ
အပျော်ကိုရှာရင်းလွမ်းဆွတ်နေတာကို မြင်ရတယ်

ထန်းရေနဲ့မြည်းကြည့်ချင်တယ်ဆိုတဲ့အဖွဲ့ကလေးကရော...
ဘာကိုညွှန်ပြသလဲဆိုရင်....
ထန်းရည်ဆိုတာ မြန်မာယာမကာလို့တင်စားလို့ရတဲ့
သဘာဝပင်ကျရည်စစ်စစ်လေးပဲဖြစ်တယ်...
ထန်းရည်နဲ့မြည်းချင်တယ်လို့ ဆိုလိုက်ကထဲက
ဆရာဟာ မြန်မာကို တမ်းတနေလွမ်းနေတယ်ဆိုတာ မြင်သာစေတယ်..
မတတ်သာလို့ ခပ်ခွာခွာနေရပေမယ့် သူ့နှလုံးသားက
ချစ်သူနဲ့ အမိမြေမှာပဲရှိတယ်ဆိုတာကို ဖော်ကြူးလိုက်တယ်..
အဲဒီမှာ ဆရာရဲ့ ဇာတိမာန်..မျိုးချစ်စိတ်ကိုပါလှစ်ဟပြလိုက်တာဖြစ်တယ်...

လူသိပ်မများတဲ့ ကလပ်တစ်ခုမှာဆိုတာကတော့..
လောလောဆယ်ကဗျာရှင်ရဲ့တည်နေရာကိုဖော်ညွှန်းလိုက်တာပဲဖြစ်တယ်...
ကဗျာရှင်က ဘယ်လိုပဲလွမ်းနေပါစေ..
အခြေအနေကြောင့် သူက သူမပျော်ပိုက်တဲ့ ကလပ်ထဲမှာပဲ
အပျော်ကိုရှာရင်းလွမ်းဆွတ်နေတာကို မြင်ရတယ်


အဲဒီတော့ နိဂုံးချုပ်ကိုပြောရရင်...
ပိတောက်၊ oh my god ၊ ဟမ်ဘာဂါ ၊ ထန်းရည်၊ ကလပ် စတဲ့စကားလုံးတွေ က ကဗျာရဲ့ အသက်တွေဖြစ်တယ်

ထန်းသမားတစ်ယောက်ရဲ့ ရင်ဘတ်ဟာ
ထန်းပင်ရဲ့ ပင်စည်နဲ့ ပူးတုံ့ခွာတုံဖြစ်နေသလို..
ကဗျာဆရာရဲ့ ရင်ဟာလည်း..လက်တွေ့နဲ့ စိတ်ကူး ပူးတုံကွာတုံ ဖြစ်နေတာကိုတွေ့ရပါတယ်

အမိမြေရဲ့အဝေးတစ်နေရာကလပ်တစ်ခုထဲမှာ
သူများပျော်နေတာကို ကြည့် ပြီး
နိုင်ငံ ချစ်သူနဲ့ သင်္ကြန်ကို လွမ်းနေတဲ့
ကဗျာဆရာရဲ့နှလုံးသားကို ကျွန်တော်များ ကိုယ်ချင်းစာမိရင် မြင်နိုင်မှာပါ..
အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေ

(ဒါကတော့ မြန်မာပြည်ပြန်တော့မယ့် ကျွန်တော့်အစ်ကိုကြီးတစ်ယောက် စကားပြေပြန်ပေးထားတာပါ :P အစ်ကိုကြီးကိုကံကောင်း အစစအရာရာ အောင်မြင်နိုင်ပါစေ )

တကယ်ဆိုရင်

တကယ်ဆို
ငါကပဲ ရူးခဲ့တာလား
နင်ကပဲ ထူးခဲ့တာလား

တကယ်ဆို
နင့်အပြုံးတွေက ချိုလွန်းခဲ့တာလား
ငါ့မျက်လုံးတွေကပဲ ရီဝေလွန်းခဲ့တာလား

တကယ်ဆို
ငါကပဲ အစွဲအလမ်းကြီးတာလား
နင်ကပဲ အညိုးအတေးကြီးတာလား

တကယ်ဆို
ငါကပဲ အမှတ်မရှိတာလား
နင်ကပဲ သက်သက်လုပ်ခဲ့တာလား

တကယ်ဆို
ငါ့မှာ မာနဆိုတဲ့ဟာတွေမရှိခဲ့ဘူးဆိုရင်
ပြောသင့်တဲ့စကားတွေကို အချိန်မှီသာပြောခဲ့ရင်

တကယ်ဆိုရင်တော့
အခုအချိန်မှာ မျိုးကြီးသီချင်းပဲထိုင်ဆိုနေဖို့ပဲကောင်းပါတယ်
"အချိန်မှီသာ ပြင်ဆင်ခွင့်ရှိခဲ့ရင်........"

(အိပ်မရတာနဲ့ စိတ်ထဲရှိတာတွေ ထရေးလိုက်တာပါ :P အစကတော့ ကောင်းကောင်းမွန်မွန်ရေးနေတာပါပဲ နောက်ပိုင်းမှ ဘယ်လိုဖေါက်သွားလဲမသိဘူး ကျွန်တော်က အဲဒီလိုပဲ စကားအကောင်းကိုပြောလို့မရဘူး အဲဒါကြောင့်အခုထိ လူပျိုကြီးဖြစ်နေတာ..ဟီး..ဘာမှလဲမဆိုင်ဘူးနော်..:P )

Wednesday, January 7, 2009

ကိုယ်လန့်နိုးချင်တဲ့ နတ်သမီးအိပ်မက်

သူငယ်ချင်းလို့ မခေါ်နဲ့ ။
နင့် အသက်ရှုသံတွေ
ခိုးခိုးနမ်းဖူးတဲ့ငါ
လိပ်ပြာမလုံလွန်းလို့.........။

ရူးသွပ်တယ်ပဲပြောပြော
အစွန်းရောက်တယ်ပဲ ဆိုဆို
နင်သာ ငါ့ညတို့ရဲ့ နတ်သမီးပျိုပါ...။

ခက်တာက နင်ကလဲ
ဘယ်ဆောင်းကမှ လက်သင့်မခံတဲ့
နှင်းတပွင့်မဟုတ်ခဲ့ဘူးလေ....။

မျက်စိမှိတ်တီးနေကြတဲ့
လက်ခုပ်သံတွေကြား
ရှေ့ ဆက်မတိုးဝံ့တဲ့ ဒီဆင်ကန်းကိုကျ
ဘယ်သူက စာနာပေးမှာလဲ....။

တစ်..
နှစ်...
သုံး..အော်ပြီးနင့်ကို
(လွယ်လွယ်လေး)မုန်းလို့ရရင်လဲ အကောင်းသား..။

လက်ခမောင်းခတ်ခွင့်ချောင်းနေတဲ့
တောကြောင်တသိုက်စာရင်းမှာ
ငါမပါချင်လို့ပါ...။

(ကျွန်တော့်သူငယ်ချင်း ကြယ်စုတ်ကြယ်ပဲ့ရဲ့ ကဗျာလေးပါ)

Saturday, December 6, 2008

ငြီးငွေ့ခြင်းတချို့

သြော်လူ့ဘဝ
တခဏတာဆိုပေမယ့်
ရှုပ်ထွေးပွေလီလှပါသကော
ဂုဏ်တစ်ခုအတွက်ရုန်းကန်
ဘ၀မှာအချိန်မှန်မှန်
စက်ရုပ်သဏ္တန်
ငွေကြေးဓန
မရှိမဖြစ်ပါ့ဆိုပြီး
ရှာကြဖွေကြ
အချိန်တန်တော့လဲ မပြန်လမ်းကို
မြန်းရတာချည်းပဲ
သူဖုန်းစားက တနေ့စာအတွက်ပူ
သဌေးကြီးက သိန်းထောင်ချီရှုံးလို့ငူ
ရှာကြဖွေကြ ငွေဓနတွေ
သေကြရှာတော့လဲ အမွေလို့
လူကြားကောင်းအောင်ပြောပြီး
ယူကြငင်ကြ
နောက်ဆုံးဘာရလဲ
၁ ရက် ၂ ရက်စာအငိုတွေနဲ့
ဟန်ဆောင်ဝမ်းနည်းတဲ့လူတချို့ရဲ့ ၀မ်းနည်းစကားတချို့
ပန်းစည်းနည်းနည်းနဲ့ မပြန်လမ်းကိုရောက်ကြတာပါပဲ
ဒါပေမဲ့လဲ
မလျှောက်လို့ကမဖြစ်
လူရယ်လို့ဖြစ်လာပြန်တော့လဲ
ဟိုဂုဏ် ဒီဂုဏ်တွေနဲ့
အလွှမ်းခံရတော့ ထုံပြီး
ဒီသံသရာစက်ဝိုင်းကြီးမှာ ပျော်ပျော်ကြီး
ဝင်အလှည့်ခံကြတော့တာပါပဲ
ငါလည်းဝင်လည်နေတာ
အခုဆိုတော်တော်ခရီးရောက်နေပြီ
တခါတရံတော့လဲ
ဂုဏ်ဓနစက်ဝိုင်းရဲ့ အပြင်ဘက်က
နေရာလေးတခုကို
သွားကြည့်ချင်တယ်
ဒါပေမဲ့လဲ
ဂုဏ်ဓနစက်ဝိုင်းအောက်မှာ
မရုန်းနိုင်ပဲ ပျော်ပျော်ကြီးဝင်လည်နေကြတာ
ဘ၀အဆုံးထိတိုင်ပဲဖြစ်နေတော့မှာပါ

Wednesday, December 3, 2008

အချစ်ဦး

တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ရွက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါ၀ါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွလေးကောက်လို့
ပန်းခြောက်လေးပဲ မြတ်နိုးမည်။

မောင်စိန်ဝင်း(ပုတီးကုန်း)

Monday, December 1, 2008

ချစ်ခြင်း နှင့် ငှက်ဖျား

အချစ် အချစ်
တဂစ်ဂစ်နှင့် ငှက်ဖျားလိုတက်တတ်တဲ့ရောဂါ
ညအိပ်လဲ ဂစ်
မိုးလင်းလဲ ဂစ်
လမ်းသွားလဲ ဂစ်
ထမင်းစားလဲ ဂစ်
တချိန်လုံး ဂစ်
တချို့က ရယူခြင်းနဲ့ ဂစ်
တချို့က ပေးဆပ်ခြင်းနဲ့ ဂစ်
တချို့က ဂစ်ချင်သလို ဂစ်
်ကဗျာဆရာက ကဗျာရေးပြီး ဂစ်
အဆိုတော်က သီချင်းဆိုပြီး ဂစ်
ဘလော့ဂါက ဘလော့ထဲမှာ ဂစ်
ရှေးရှေးထဲက ဂစ်
အခုထိလဲ ဂစ်
တချို့က ဂစ်လိုနဲ့ကွဲ (အသည်း)
တချို့က ဂစ်လို့နဲ့ ပျော်
တချို့က ဂစ်လို့ အော်
တချို့က ဂစ်လို့ငူ (ငူတူတူ ငေါင်တောင်တောင်ဖြစ်ခြင်း)
တချို့က ဂစ်လို့ပူ (ရင်ပူတာပါ ဟီး)
ဒီလိုနဲ့ပဲ ဂစ်လိုက်ကြတာ
နှစ်ပေါင်းရှည်ကြာ
ဂစ်ကြပါ ဂစ်ကြပါ

(ပျင်းတာနဲ့ စိတ်ထဲပေါ်တာလျှောက်ရေးလိုက်တာ ဟီးဟီး)

Saturday, November 29, 2008

ချစ်သူ

မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်၊၊

အလွန်ဝေးကွာသည့်အရပ်ကို ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်၊၊

အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲကို စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိနေတတ်ပြန်ပါသည်၊၊

သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့)ချစ်သူသာဖြစ်ပါ၏ ၊၊


ဆရာကြီး မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ကဗျာလေးပါပဲ
ကျွန်တော် အရမ်းကြိုက်တဲ့ကဗျာလေးပါ

ထာဝရ

ပွင့်လျှင်လည်းနမ်း
နွမ်းလျှင်လည်းကောက်
ခြောက်လျှင်လည်းသိမ်း
တိမ်းညွတ်တွယ်မက်
သည်တသက်မှာ
တပွင့်သာလေ
စွမ်းလန်းနေမည်
ဝေေ၀ကြွေကြွေ မြတ်နိုး၏

ဆရာကြီး မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ကဗျာလေးပါ

Monday, November 17, 2008

၂၁ ရာစုနှောင်းပိုင်းရည်းစားစကားပြောနည်း

ချစ်သူ...
မင်းရဲ့ အလှဆုံးအချိန်ဟာ...ညနေခင်းဆိုရင်
အဲ့ဒီအချိန်မှာ ငါအိပ်နေချင်တယ်...။

ချစ်သူ...
မင်းရဲ့ အသံလေးတွေက... အချိုသာဆုံးဆိုရင်
မင်းစကားပြောတဲ့အခါ မင်းနဲ့အဝေးမှာ နေချင်တယ်...။

ချစ်သူ...
မင်းရဲ့ မျက်ဝန်းလေးတွေဟာ... အတောက်ပဆုံးဆိုရင်
မင်းကိုတွေ့တဲ့အခါ မျက်လွှာချပြီးနေချင်တယ်...။

ချစ်သူ...
မင်းရဲ့ ရနံ့လေးတွေဟာ.......မွှေးပျံ့ဆုံးဆိုရင်
မင်းအနားရောက်တဲ့အခါ ငါ နှာစေးချင်တယ်...။

ချစ်သူ...
မင်းရဲ့ ခြေလှမ်းတိုင်းဟာ... အညင်သာဆုံးဆိုရင်
မင်းလျှောက်တတ်တဲ့လမ်းကို ငါဘယ်တော့မှ မလာချင်ဘူး...။

အဲဒါတွေ ဘာကြောင့်လဲဆိုတော့
မင်းနဲ့ ပတ်သတ်တဲ့ အရာအားလုံးဟာ ငါ့ကို ရူးသွပ်စေလို့ပဲ...။

ဒါပေမယ့် ငါရူးသွားခဲ့တယ်...
ငါ နင့်ကို ချစ်သွားမိခဲ့တယ်လေ...။
အဲ့ဒီအတွက် ရလဒ်ကို ငါမလိုချင်ဘူး.

အချစ်ဟာ ရယူချင်းလား...........?
ပေးဆပ်ချင်းလားတဲ့................?
လူတိုင်းက မေးကြတယ်...။
ငါကတော့ နင့်ကို အဲ့ဒီနှစ်ခုရဲ့ ကြားက ဗလာနယ်မှာ ထားချင်တယ်.....

ချစ်သူဆိုတဲ့ စကားလုံးအောက်မှာ
ငါ့ကိုယ်ငါ မချုပ်နှောင်ချင်သလို
နင့်ကိုလည်း ငါမချုပ်နှောင်ချင်ဘူး...။

နင့်ရဲ့ အဖြေ ဘယ်လိုနေမှန်းမသိပေမယ့်
ငါကတော့ စိတ်ကူးနဲ့ ရူးနေပြီ.....
အဲ့ဒါကြောင့် ပြောတာ
နင်နဲ့ မပတ်သက်ချင်ပါဘူးလို့....။

(မပြောဖြစ်ခဲ့တဲ့ရင်ထဲကစကားတချို့ပါဗျာ)

ကျောင်းပိတ်ချိန်

ကျောင်းပိတ်တော့မည်
တိတ်တိတ်ကလေး၊ အပြေးမဟုတ်
လက်ကိုရုတ်လျှက်၊ သူနှုတ်ဆက်ပြီ
သစ်ပုတ်ပင်အို၊ ကံ့ကော်ပျိုနှင့်
ရေညိုအင်းလျား၊ မသွားနှင့်ဆို
တားရင်းငိုသည်၊ ငါ့ကိုတွယ်ငင်
သံယောဇဉ်နှင့်၊ သည်တွင်ငါမွေ့
သည်ငွေ့ငါလှုံ၊ သည်ဘုံငါ့နန်း
သည်လမ်းငါလျှောက်၊ ဆုံးခန်းရောက်ပြီ
တထောက်နားပြီး၊ ငါခရီးကို
ငါ့ချည်းသက်သက်၊ ခရီးဆက်အံ့
တန့်လျှက်မနေ၊ ပညာမွေဖြင့်
ငါ့ပြည်အကျိုး၊ ငါသယ်ပိုးအံ့
ရိုကျိုးစဉ်လာ၊ မြတ်ဆရာနှင့်
သီလာတက်က၊ ကျွန်းညိုမြကို
ဘ၀တစ်ကွေ့၊ ငါမမေ့ပြီ
မျက်ရည်ဝေ့၀ဲ၊ လမ်းအခွဲမှာ
ငါပဲနှုတ်ဆက်လိုက်ပါပြီ။ ။

(ကျွန်တော့်အမေ ၁၉၄၇ ခုနှစ်အင်းလျားဆောင်မှာ ကျောင်းတက်တုန်းကရေးခဲ့တဲ့ကဗျာလေးပါ။ အမေ့ဗီဇပါတယ်လို့ပြောလို့ရမယ်ထင်တယ် ကျွန်တော်လဲကဗျာအရမ်းရေးချင်တယ် ဒါပေမဲ့ကျွန်တော်ရေးတဲ့ကဗျာတွေက ဟိုရောက်လိုက်ဒီရောက်လိုက်နဲ့ ဘာကိုဆိုလိုချင်မှန်းကိုမသိတာ ဟီးဟီး)

နေ၀င်ချိန်

ဂုဏ်ဒြပ် နှင့် ပကာသန
အလွှာတွေ အထပ်ထပ်နဲ့လူ့ဘဝ..............။

ဓနနောက်ကို တကောက်ကောက်
လိုက်ကြရင်းနဲ့ အချိန်တွေကုန်မှန်းမသိ
အိမ်ပြန်ချိန်ရောက်မှ
နောင်ဘဝစာ ငါ့မှာဘာပါသလဲ....????????

တွေးရင်းမော
ဆေးလိပ်နဲ့ သောကဖြေ
ယမကာနဲ့ မျောကြချိန်
ခြေဖဝါးအောက် ငုံ့အကြည့်
ငါ့ကြမ်းပြင် မီးတရဲရဲပါလား..................

ငနဲ ၁ ကောင်ရဲ့ရူးသွပ်ခြင်းများ

တချိန်တုန်းက
မီးပျက်တဲ့ညတွေမှာ လမင်းကြီးကို ငေးကြည့်ခဲ့ဖူးတယ်။
တချိန်တုန်းက
မီးမှောင်မှောင်နဲ့ မိန်းကလေးအဆောင်ရှေ့မှာ ဂစ်တာတီးခဲ့ဖူးတယ်။
တချိန်တုန်းက
သီချင်းတွေ အကျယ်ကြီးအော်ဆိုပြီး ဆိုင်ကယ်စီးခဲ့ဖူးတယ်။
တချိန်တုန်းက
ရွှေမန်းရဲ့နံနက်ခင်းတွေကို ငိုက်မြည်းစွာ ကျော်ဖြတ်ခဲ့ဖူးတယ်။
တချိန်တုန်းက
ကွမ်းယာတွေစားပြီး သွားနီနီနဲ့ နေခဲ့ဖူးတယ်
တချိန်တုန်းက
...................................................

ဟာ စာမရေးတာကြာတော့ ဖီးတွေတောင် ဘယ်ရောက်ကုန်ပြီလဲမသိဘူး
လူလဲ အူကြောင်ကြောင်နဲ့ ဂေါက်နေပြီ

အရင်တုန်းကဆိုရင် သူငယ်ချင်းတွေကို လက်ဖက်ရည်တိုက်ပြီး ကဗျာဖတ်ခိုင်းလို့ရတယ်
အခုတော့ ငါတယောက်တည်း ဖီးတက်နေလိုက်မယ်
ဟာ...လုံးဝဖီးလ် ပဲကွာ

(တခါတလေတော့လဲ အရင်ကဘ၀လေးကိုပြန်လိုချင်တယ်ဗျ ညစ်ပတ်တယ်ပြောပြော ဆင်းရဲတယ်ပြောပြော နိမ့်ကျတယ်ပြောပြော ကိုယ်မွေးတဲ့နိုင်ငံကိုတော့ဘယ်တော့မှ မေ့လို့မရပါဘူးဗျာ မနက်ဆို ဆိုင်ကယ်လေးစီးပြီကျောင်းသွား သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်မှာဆုံပြီး ညကဘောပွဲအကြောင်းပြော ညင်းကြကုန်ကြနဲ့ပျော်စရာတော့ကောင်းတယ် ပြီးရင်မိန်းထဲက ကတုံးကြီးဆိုင်မှာ နှပ်ဆေးအုန်းသီးကြော် ၂၀၀ဖိုးဝယ် အတန်းသွားတက် နေ့လယ်ဆိုရှမ်းဆိုင်ပဲဖြစ်ဖြစ် ထမင်းဆိုင်၁ ဆိုင်ဆိုင်မှာ ထမင်းဝင်စား ညနေအတန်းမရှိရင် စနူကာဆိုင်ရောက် အိမ်ကပေးတဲ့မုန့်ဖိုးကိုကုန်အောင်ဆော့ ပိုက်ဆံမရှိတော့ရင် လက်ဖက်ရည်လေး ၁ ခွက်ဝယ်သောက်ပြီးအိမ်ပြန် ညနေကျ မန္တလေးတောင်ခြေကဓါတ်ဆီဆိုင်မှာ ဆီသွားထုတ် ပြီးရင်ဘော်ဒါတွေအဆောင်ဝင်ပြီး တွေ.တယ်သူ ၁ ယောက်ယောက်နဲ့ လက်ဖက်ရည်သွားသောက် ညနေ ၈ နာရီလောက်ဆိုအိမ်ပြန် စာမေးပွဲမရှိရင် စာကျက်ချင်ယောက်ဆောင်ပြီး ၀တ္ထုတွေဖတ် ၁၂ နာရီလောက်ဆိုအိပ် ဘယ်လောက်ပျော်စရာကောင်းလဲ ဘ၀လေးက ပျော်စရာလေးနော် ပြောရင်းနဲ့အခုတောင်ပြန်ချင်လာပြီ လုပ်ကြပါဦး)

လွမ်းချင်းနှင့်အတူဖြတ်သန်းနေရသောဘ၀တကွေ.

ငါ့အသက်နှစ်ဆယ် လူ့လောက၀ယ်တင့်ဖို့
တိုင်းပြည်ကိုစွန့် နယ်မြေသစ်မှာရွက်ကုန်ဖွင့်လို့နေခဲ့တယ်။

သူငယ်ချင်းတွေက မေးကြတယ်
"ငါ့ကောင် မင်းပျော်နေပြီလား" တဲ့
မဲ့ပြုံးလေးနဲ့သာ ဖြေလိုက်ရတယ်
"ပျော်ပါတယ်ကွာ"။

ဒါပေမယ့် ကိုယ့်ဝမ်းနာ ကိုယ်သာသိ
ငါ့ရင်မှာတော့ မချိပါဘူးကွာ။

ဒီမှာစားရတဲ့ထမင်း အမေနယ်ကျွေးတဲ့ပဲပြုတ်ထမင်းလောက်
ငါမမက်မောပါဘူးကွာ
Rihanna သီချင်းသံ မနက်မှာအမေ့ဘုရားရှိခိုးသံလောက်
မချိုမြိန်ပါဘူးကွာ
ဖွင့်ထားတဲ့ အဲယားကွန်း အမေခပ်ပေးနေတဲ့ယပ်တောင်လေလောက်
ငါ့ရင်ကို မအေးစေပါဘူးကွာ
နယ်မြေသစ်မှာနေသားကျပေမဲ့ ၁၈နှစ်တာနေခဲ့တဲ့
အမေ့အိမ်လောက်တော့ စိတ်ထဲမှာမလုံခြုံဘူး။

ညဘက်ဆို စိတ်ကူးနဲ့ရူးပြီး အိမ်ပြန်ရတာလဲ
အကြိမ်ပေါင်းတသောင်းမကတော့ဘူး
ဒီတခေါက်အခြေနေပေးရင်တော့ အမေ့ရင်ခွင်ရိပ်မှာ
တရေးလောက်တော့ အိပ်စက်ခွင့်ရချင်သေးတယ်။

အိမ်လွမ်းလို့ဆိုတဲ့ သီချင်းသံများရယ်
ကျေးဇူးပြုပြီး ငါ့ရှေ့မှာ မဆိုပါနဲ့တော့လားကွယ်။

၁၃.၈.၂၀၀၈ မနက် ၃နာရီ ၂၂မိနစ်
(ကျွန်တော့်အိမ်ကို လွမ်းလို့ အိပ်မရတာနဲ့ ထရေးလိုက်တဲ့ကဗျာလေးပါဗျာ)

ချစ်သူ့အဖြေ

မနက်အိပ်ရာထမုန်.စားသွားဖို.ပြင်
ရူးကြောင်တဲ့အတွေးနဲ.လမ်းတခွင်ငါငေးနေတုန်း
ဖူးရောင်တဲ့သူ.မျက်နှာ(အိပ်ပုတ်ကြီးသဖြင့်)
ဖြတ်ခနဲလှမ်းမြင်
ငမ်းငမ်းတက်ငါ့အချစ်က
ဝုန်းကနဲနိုးထလိုက်တော့
ဖတ်ကနဲကြွငါ့ခြေက
သူမဆီအရောက်သွား
ချစ်စကားပါးလေတော့
ဖြန်းကနဲနေတဲ့သူ.အဖြေမှာ
ငါ့ပါးနှစ်ဖက်နီလေတော့သည်..။။

(အဲဒီလိုဖြစ်ရင်ဘယ်လိုလုပ်မလဲ မနက်စောစော ပါးနီနီကြီးနဲ့ ဟီးဟီး )

ဆက်ရန်ရှိသည်

ငါ့မှာအလွမ်းတွေဝေနေလို့
နင့်ဆီက အနမ်းတွေကို မမျှော်လင့်ခဲ့မိပါဘူး....။။

နင့်အတွက် ငါဟာ တခန်းရပ်ပြဇာတ်တပုဒ်ဖြစ်နိင်ပေမယ့်
ငါ့အတွက်တော့ နင်ဟာ တရုတ်သိုင်းကားလို
ဇာတ်လမ်းတွဲ တစ်ခုပါပဲ...
ဘယ်အချိန်ဇာတ်သိမ်းမလဲလို့ မျှော်တလင့်လင့်နဲ့
စောင့်စားနေတဲ့ ငါ့ကို မီးတော့ဖြတ်မပြစ်လိုက်ပါနဲ့ဟာ...။

နင့်ဆီက ဘာမှမမျှော်လင့်ခဲ့ပေမယ့်
နင်ကတော့ ငါ့ရဲ့အတွင်းအားတွေ အကုန်လုံးကို
ယူသွားခဲ့တယ်လေ......။

ငါ့မှာအမောဖေါက်လို့ သောကရောက်ချိန်မှာ
နင်က ဟောတစ်ရောက် ဟောတစ်ရောက် တွဲခဲ့တယ်လေ...
ငါ့ရင်တွေ ပူခဲ့ပေမယ့်
နင်တစ်ခါကြူလိုက်ရင် ပျောက်သွားပြန်တယ်..။

နင့်ရဲ့မလိမ့်တပတ်လုပ်ရပ်ကြောင့်
ငါ့ဦးနှောက်လည်း လိပ်ပတ်မလည်တော့ဘူး.......။

နောက်ဆုံး
နင်ပေးခဲ့တဲ့ဒဏ်ရာတွေကြောင့်
ငါ့ပခုံးမှာ အမာရွတ်တက်တော့မှ...
ငါ့ကိုယ်ငါ သိလိုက်တော့တယ်.....။

ဘာမှန်းမသိတဲ့ ကဗျာတွေရေးပြီး
ဘ၀ရဲ့နေရက်တွေ ဘယ်လိုကုန်းသွားမှန်း
မသိလိုက်ချိန်လိုက်မှာ ဘာဆက်ရေးရမှန်းမသိလို့
ဆက်ရန်ရှိသည်ပေါ့......။။။။

နွားကိုကိုဧ။်ဂန္တ၀င်မြောက်တမ်းချင်း

မာနတွေသိက္ခာတွေရဲ့နောက်မှာ
နင်ကိုအရမ်းချစ်တဲ့နှလုံးသား
ရှိတယ်ဆိုတာ
ငါ့ကိုယ်ငါသိရက်နဲ့ညာနေခဲ့တယ်
မိန်းမတွေကိုအမြဲတမ်းခပ်ထန်ထန်ဆက်ဆံခဲ့ပေမဲ့
နင့် ၁ ယောက်ကိုတော့ငါချစ်တဲ့တာ
အမှန်ပါ
ငါ့အချစ်တွေကိုမသိမ်းဆည်းနိုင်တော့လို့
ဖွင့်ပြောမိတဲ့တနေ့ဟာ
နေ၀င်ချိန်ရောက်နေပြီဆိုတာ
ငါမသိခဲ့ဘူးလေ
တခြား ၁ ယောက်ကိုပေးထားပြီးဖြစ်တဲ့
နင့်အချစ်တွေကိုတမ်းတရင်း
ကျောခိုင်းခဲ့ရတဲ့
ငါ့အပြန်လမ်းမှာ နင့်မျက်နှာလေးနဲ့
နင့်အပြုံးတွေစိုးမိုးနေခဲ့တယ်ဆိုတာကိုတော့
နင်သိခဲ့မယ်မထင်ပါဘူး
နင့်ချစ်သူကိုရွှမ်းလဲ့စွာကြည့်တဲ့အကြည့်တွေ
ငါဘယ်တော့မှမရနိုင်တော့ပါဘူးဟာ
အချစ်ဟာတချို့အတွက် တခဏတာလို့
ဆိုပေမဲ့
ငါ့အတွက်တော့ တဘ၀စာအမှတ်တရပါပဲ
တချိန်ကပျော်စရာအချိန်လေးတွေက
အခုထိငါ့အတွေးတွေကို
ကြီးစိုးနေဆဲပါပဲ
စကားပြောမကောင်းတဲ့ငါကပဲမှားတာလား
စိတ်ကူးတွေနဲ့ပျော်မြူးတတ်တဲ့နင်ကပဲ
မှန်ခဲ့တာလား
ဘ၀ကိုလက်တွေ.ကျကျပြောပြီး
လမင်းကိုနင့်အတွက်မယူပေးနိုင်ဘူးလို့
ပြောမိတာငါ့အမှားလား

ပြန်မရနိုင်တော့တဲ့နင့်အကြင်နာတွေကို
တမ်းတရင်းအိပ်စက်ခဲ့ရတဲ့
ငါ့အထီးကျန်ညတွေမှာ
နင့်အပြုံးတွေဟာ တရံတခါစိုးမိုးနေဆဲပါဟာ

ရင်ထဲကကဗျာလေး ၁ ပုဒ်

တစ်နေ့တစ်နေ့၊ ရွေ့ရွေ့ကုန်ပြန်
မနက်ဖြန်ပေါ့၊ ပြောတော့ပြောမည်၊
စိတ်ကြံရည်လျက်၊ နှုတ်ကခက်တော့၊
အိပ်မက်တွေပဲ ကျန်တယ်လေ။

ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ကဗျာလေးပါ
ကျွန်တော်အရမ်းကြိုက်လို့တင်ပေးလိုက်ပါတယ်
အစ်ကိုတယောက်ဆီကရတာပါ
ကဗျာနာမည်ကမေ့နေပါပြီ
သိတဲ့သူရှိရင်ကျေးဇူးပြုပြီးပြောပေးပါ