Showing posts with label ဟာသများ. Show all posts

Monday, November 17, 2008
အရက် နှင့် အချစ်
အချစ်သည် အရက်နှင့်တူလေသတည်း
အရက်သည် နည်းနည်းသောက်က စကားပြောကောင်းသည် အလိုလိုပျော်လာသည်
များများသောက်က မူးပြီးမှောက်ကာ အံတတ်လေသည်
အရက်သောက်က စည်းစိမ်လေးမျိုးရသကဲ့သို့ အချစ်ကြောင့်လည်း စည်းစိမ်လေးမျိုးရစေနိုင်ပါသည်
အစပထမတွင်
ဇရက်မင်းစည်းစိမ်ကိုရ၏
အရက်သမားတို့မူးကာစတွင် စကားပြောကောင်း၏ များများပြော၏
အချစ်သမားတို့ချစ်ကာစတွင် ချစ်သူနှင့်တွတ်တီးတွတ်တာ စကားများပြော၏ များများပြော၏
ဒုတိယတွင်ကား
ဝက်မင်းစည်းစိမ်ကိုရ၏
ဒုတိယ ၀က်မင်းစည်းစိမ်ကား အရက်သမားတို့အရှိန်ရလာချိန်တွင် အမြည်းကုန်ချိန်နှင့်တိုက်ဆိုင်တတ်ပါသည်
ထို့ကြောင့် ရသမျှသောအမြည်းကို ကောင်းသည်ဆိုးသည်ကို ကောင်းစွာခွဲခြားခြင်းမပြုနိုင်သည်ကများလေ၏
ရသမျှမြည်းလေ၏
ထို့အတူ အချစ်သမားတို့အရှိန်ရလာချိန်တွင် ချစ်သူပြောသမျှ ကောင်းသည်ဆိုးသည်မခွဲခြားနိုင်ပဲ လက်ခံသည်ကများလေသည်
ချဉ်ချဉ်တူးတူး မူးရင်ပြီးရောဆိုသကဲ့သို့ ချစ်သူ၏ ချို့ယွင်းချက်များကို မမြင်နိုင်တော့ပဲ အနားတွင်ကပ်နေဖို့သာကြိုးစားကြ၏
တတိယကား
ခွေးမင်းစည်းစိမ်တည်း
အရက်သမားတို့၏ climax ဟုခေါ်ဆိုနိုင်သောအပိုင်းလည်းဖြစ်၏
မူးပြီးသောသူတို့ လမ်းတကာလျှောက်လည်ကာ ပုဆိုးကွင်းသိုင်းလျှက် သီဆို ကခုန် ပျော်မြူးခြင်းကို ရောက်သကဲ့သို့
ချစ်ပြီးသောသူတို့လည်း ချစ်သူလက်ကိုတွဲလျှက် လမ်းတကာလျှောက်ချင်သော၊ မဏ္ဍပ်တိုင်တက်ချင်သော မြူးထူးသော အဖြစ်တို့ ရောက်ကုန်၏
နောက်ဆုံးကား
နဂါးမင်းစည်းစိမ်ဖြစ်၏
မူးခြင်း၏ ပြည့်စုံမှုသို့ရောက်သောအခါ အိပ်မောခြင်းသို့ရောက်၏
ချစ်ခြင်း၏ ပြည့်စုံသောအခါ အိပ်မောခြင်းသို့ရောက်၏
တနည်းကား အိပ်စက်ခြင်းသို့ရောက်၏
ဤသည်ကား အရက်နှင့်အချစ်ဧ။်ဂုဏ်သတ္တိများဖြစ်ပေသတည်း
(အချစ်ဒဿနများကို စိတ်ရှည်စွာပြောပြသော ရုရှားရောက်နောင်တော်ကြီးကို ကျေးဇူးအထူးတင်ရှိပါသည်။)

Subscribe to:
Posts (Atom)
RSS Feed (xml)