သိဃ်တန်ဆောင်၊
ဘုန်းတော်မှောင်၍
ကုန်းဘောင်နေမီး၊
မထိန်ညီးက
တိုင်းကြီးပြည်ကြီး၊
အချည်းနှီးလျှင်
ထီးသုဉ်းနန်းသုဉ်း၊
မြို့သုဉ်းသုည
သုဉ်းသုံးဝဖြင့်၊
သုဉ်းရပြန်လစ်
သုညခေတ်ဝယ်၊
ဖြစ်လာရပေ
တို့တစ်တွေသည်
သေသော်မှတည့်၊
သြော် ကောင်းဧ။်
ဆီးဘန်နီဆရာတော်ရဲ့ကဗျာပါ
ညနေက တော်ဘုရားလေး(အောင်ဇေ)ရဲ့ ရတနာပုံမှ ရတနာဂီ၇ိသို့ ဆိုတဲ့ စာအုပ်လေးကို ဖတ်မိရင်း သတိရလို့ တင်ပေးလိုက်တာပါ နာမည်တော့ မသိပါဘူး သိတဲ့သူရှိရင် ပြောပေးကြပါခင်ဗျာ
1 comment:
သုဉ်းသုံးဝဧကပိုဒ်ရတု
Post a Comment