Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, June 12, 2009

တကယ်ဆိုရင်

တကယ်ဆို
ငါကပဲ ရူးခဲ့တာလား
နင်ကပဲ ထူးခဲ့တာလား

တကယ်ဆို
နင့်အပြုံးတွေက ချိုလွန်းခဲ့တာလား
ငါ့မျက်လုံးတွေကပဲ ရီဝေလွန်းခဲ့တာလား

တကယ်ဆို
ငါကပဲ အစွဲအလမ်းကြီးတာလား
နင်ကပဲ အညိုးအတေးကြီးတာလား

တကယ်ဆို
ငါကပဲ အမှတ်မရှိတာလား
နင်ကပဲ သက်သက်လုပ်ခဲ့တာလား

တကယ်ဆို
ငါ့မှာ မာနဆိုတဲ့ဟာတွေမရှိခဲ့ဘူးဆိုရင်
ပြောသင့်တဲ့စကားတွေကို အချိန်မှီသာပြောခဲ့ရင်

တကယ်ဆိုရင်တော့
အခုအချိန်မှာ မျိုးကြီးသီချင်းပဲထိုင်ဆိုနေဖို့ပဲကောင်းပါတယ်
"အချိန်မှီသာ ပြင်ဆင်ခွင့်ရှိခဲ့ရင်........"

(အိပ်မရတာနဲ့ စိတ်ထဲရှိတာတွေ ထရေးလိုက်တာပါ :P အစကတော့ ကောင်းကောင်းမွန်မွန်ရေးနေတာပါပဲ နောက်ပိုင်းမှ ဘယ်လိုဖေါက်သွားလဲမသိဘူး ကျွန်တော်က အဲဒီလိုပဲ စကားအကောင်းကိုပြောလို့မရဘူး အဲဒါကြောင့်အခုထိ လူပျိုကြီးဖြစ်နေတာ..ဟီး..ဘာမှလဲမဆိုင်ဘူးနော်..:P )

No comments: