Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, June 12, 2009

ဘာဂါအလွမ်း


လာပေရော့ချစ်သူ
ပိတောက်ပန်းမပွင့်တဲ့နေရာတွေမှာ
"oh my god"တွေရှိတယ်ဆိုတာ
မင်းသိစေချင်စမ်းတယ်
ဘာဂါမစားတဲ့မင်းရဲ့အသည်းကို
ထန်းရည်နဲ့မြည်းကြည့်ချင်တယ်
လူသိပ်မများတဲ့ကလပ်တခုမှာပေါ့

(ပြီးခဲ့တဲ့ သင်္ကြန်တုန်းက ရေးခဲ့တဲ့ကဗျာလေးပါ ဒီနေ့မှ စက်ထဲလျှောက်ကြည့်ရင်း တွေ့လို့ တင်ပေးလိုက်ပါတယ်)


ကဲ ကဗျာလေးကို ကြည့်လိုက်ရအောင်
“ လာပေရော့ချစ်သူ ၊
ပိတောက်ပန်းတွေ မပွင့်တဲ့နေရာမှာ
oh my god တွေရှိတယ်ဆိုတာကို
မင်းသိစမ်းစေချင်တယ် ချစ်သူ “ တဲ့...
ဘယ်လောက်လှလိုက်တဲ့ အရေးအဖွဲ့လဲ...
ပိတောက်ပန်းဆိုတာ မြန်မာမှာပဲရှိတယ်..
ကဗျာဆရာက ပိတောက်ပန်းတွေ မပွင့်တဲ့နေရာ..
oh my god တွေရှိတဲ့နေရာလို့ ဖွဲ့ဆိုလိုက်တော့...
ကဗျာဆရာက လတ်တလောမှာ အမိမြေနဲ့ဝေးကွာတဲ့
နိုင်ငံရပ်ခြားကိုရောက်နေတယ်ဆိုတာ သိသာစေတယ်..
လာပေရော့ချစ်သူဆိုတဲ့အသုံးလေးကြောင့်ပဲ
သူ့ချစ်သူက မြန်မာမှာကျန်ခဲ့ပြီး..
သူတို့နှစ်ယောက်ဝေးနေ..လွမ်းနေတယ်ဆိုတာကို
ငွေ့ငွေ့လေး ခံစားမိပြန်တယ်..


ဘာဂါမစားတဲ့မင်းရဲ့အသဲဆိုတဲ့ အရေးအဖွဲ့လေးက..
ကဗျာဆရာရဲ့အလွမ်းကိုဖော်ပြရာရောက်တယ်..
ဆရာကချစ်သူကိုသူ့ဆီလာစေချင်တယ်...
ဒါပေမယ့်..ချစ်သူက အမိနိုင်ငံကနေမခွာချင်လို့..
ဆရာနဲ့ချစ်သူဆုံဆည်းခွင့်မရဘူး..
အဲဒီနေရာမှာ ခေါင်းမာတတ်တဲ့ချစ်သူရဲ့ အကျင့်ကိုပါ
တစေ့တစောင်းဖော်ပြပြီးသားဖြစ်နေတယ်

ထန်းရေနဲ့မြည်းကြည့်ချင်တယ်ဆိုတဲ့အဖွဲ့ကလေးကရော...
ဘာကိုညွှန်ပြသလဲဆိုရင်....
ထန်းရည်ဆိုတာ မြန်မာယာမကာလို့တင်စားလို့ရတဲ့
သဘာဝပင်ကျရည်စစ်စစ်လေးပဲဖြစ်တယ်...
ထန်းရည်နဲ့မြည်းချင်တယ်လို့ ဆိုလိုက်ကထဲက
ဆရာဟာ မြန်မာကို တမ်းတနေလွမ်းနေတယ်ဆိုတာ မြင်သာစေတယ်..
မတတ်သာလို့ ခပ်ခွာခွာနေရပေမယ့်
သူ့နှလုံးသားက ချစ်သူနဲ့ အမိမြေမှာပဲရှိတယ်ဆိုတာကို
ဖော်ကြူးလိုက်တယ်..
အဲဒီမှာ ဆရာရဲ့ ဇာတိမာန်..မျိုးချစ်စိတ်ကိုပါလှစ်ဟပြလိုက်တာဖြစ်တယ်...
လူသိပ်မများတဲ့ ကလပ်တစ်ခုမှာဆိုတာကတော့..
လောလောဆယ်ကဗျာရှင်ရဲ့တည်နေရာကို
ဖော်ညွှန်းလိုက်တာပဲဖြစ်တယ်...
ကဗျာရှင်က ဘယ်လိုပဲလွမ်းနေပါစေ..
အခြေနေကြောင့် သူက သူမပျော်ပိုက်တဲ့ ကလပ်ထဲမှာပဲ
အပျော်ကိုရှာရင်းလွမ်းဆွတ်နေတာကို မြင်ရတယ်

ထန်းရေနဲ့မြည်းကြည့်ချင်တယ်ဆိုတဲ့အဖွဲ့ကလေးကရော...
ဘာကိုညွှန်ပြသလဲဆိုရင်....
ထန်းရည်ဆိုတာ မြန်မာယာမကာလို့တင်စားလို့ရတဲ့
သဘာဝပင်ကျရည်စစ်စစ်လေးပဲဖြစ်တယ်...
ထန်းရည်နဲ့မြည်းချင်တယ်လို့ ဆိုလိုက်ကထဲက
ဆရာဟာ မြန်မာကို တမ်းတနေလွမ်းနေတယ်ဆိုတာ မြင်သာစေတယ်..
မတတ်သာလို့ ခပ်ခွာခွာနေရပေမယ့် သူ့နှလုံးသားက
ချစ်သူနဲ့ အမိမြေမှာပဲရှိတယ်ဆိုတာကို ဖော်ကြူးလိုက်တယ်..
အဲဒီမှာ ဆရာရဲ့ ဇာတိမာန်..မျိုးချစ်စိတ်ကိုပါလှစ်ဟပြလိုက်တာဖြစ်တယ်...

လူသိပ်မများတဲ့ ကလပ်တစ်ခုမှာဆိုတာကတော့..
လောလောဆယ်ကဗျာရှင်ရဲ့တည်နေရာကိုဖော်ညွှန်းလိုက်တာပဲဖြစ်တယ်...
ကဗျာရှင်က ဘယ်လိုပဲလွမ်းနေပါစေ..
အခြေအနေကြောင့် သူက သူမပျော်ပိုက်တဲ့ ကလပ်ထဲမှာပဲ
အပျော်ကိုရှာရင်းလွမ်းဆွတ်နေတာကို မြင်ရတယ်


အဲဒီတော့ နိဂုံးချုပ်ကိုပြောရရင်...
ပိတောက်၊ oh my god ၊ ဟမ်ဘာဂါ ၊ ထန်းရည်၊ ကလပ် စတဲ့စကားလုံးတွေ က ကဗျာရဲ့ အသက်တွေဖြစ်တယ်

ထန်းသမားတစ်ယောက်ရဲ့ ရင်ဘတ်ဟာ
ထန်းပင်ရဲ့ ပင်စည်နဲ့ ပူးတုံ့ခွာတုံဖြစ်နေသလို..
ကဗျာဆရာရဲ့ ရင်ဟာလည်း..လက်တွေ့နဲ့ စိတ်ကူး ပူးတုံကွာတုံ ဖြစ်နေတာကိုတွေ့ရပါတယ်

အမိမြေရဲ့အဝေးတစ်နေရာကလပ်တစ်ခုထဲမှာ
သူများပျော်နေတာကို ကြည့် ပြီး
နိုင်ငံ ချစ်သူနဲ့ သင်္ကြန်ကို လွမ်းနေတဲ့
ကဗျာဆရာရဲ့နှလုံးသားကို ကျွန်တော်များ ကိုယ်ချင်းစာမိရင် မြင်နိုင်မှာပါ..
အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေ

(ဒါကတော့ မြန်မာပြည်ပြန်တော့မယ့် ကျွန်တော့်အစ်ကိုကြီးတစ်ယောက် စကားပြေပြန်ပေးထားတာပါ :P အစ်ကိုကြီးကိုကံကောင်း အစစအရာရာ အောင်မြင်နိုင်ပါစေ )

No comments: