ငါ့အသက်နှစ်ဆယ် လူ့လောက၀ယ်တင့်ဖို့
တိုင်းပြည်ကိုစွန့် နယ်မြေသစ်မှာရွက်ကုန်ဖွင့်လို့နေခဲ့တယ်။
သူငယ်ချင်းတွေက မေးကြတယ်
"ငါ့ကောင် မင်းပျော်နေပြီလား" တဲ့
မဲ့ပြုံးလေးနဲ့သာ ဖြေလိုက်ရတယ်
"ပျော်ပါတယ်ကွာ"။
ဒါပေမယ့် ကိုယ့်ဝမ်းနာ ကိုယ်သာသိ
ငါ့ရင်မှာတော့ မချိပါဘူးကွာ။
ဒီမှာစားရတဲ့ထမင်း အမေနယ်ကျွေးတဲ့ပဲပြုတ်ထမင်းလောက်
ငါမမက်မောပါဘူးကွာ
Rihanna သီချင်းသံ မနက်မှာအမေ့ဘုရားရှိခိုးသံလောက်
မချိုမြိန်ပါဘူးကွာ
ဖွင့်ထားတဲ့ အဲယားကွန်း အမေခပ်ပေးနေတဲ့ယပ်တောင်လေလောက်
ငါ့ရင်ကို မအေးစေပါဘူးကွာ
နယ်မြေသစ်မှာနေသားကျပေမဲ့ ၁၈နှစ်တာနေခဲ့တဲ့
အမေ့အိမ်လောက်တော့ စိတ်ထဲမှာမလုံခြုံဘူး။
ညဘက်ဆို စိတ်ကူးနဲ့ရူးပြီး အိမ်ပြန်ရတာလဲ
အကြိမ်ပေါင်းတသောင်းမကတော့ဘူး
ဒီတခေါက်အခြေနေပေးရင်တော့ အမေ့ရင်ခွင်ရိပ်မှာ
တရေးလောက်တော့ အိပ်စက်ခွင့်ရချင်သေးတယ်။
အိမ်လွမ်းလို့ဆိုတဲ့ သီချင်းသံများရယ်
ကျေးဇူးပြုပြီး ငါ့ရှေ့မှာ မဆိုပါနဲ့တော့လားကွယ်။
၁၃.၈.၂၀၀၈ မနက် ၃နာရီ ၂၂မိနစ်
(ကျွန်တော့်အိမ်ကို လွမ်းလို့ အိပ်မရတာနဲ့ ထရေးလိုက်တဲ့ကဗျာလေးပါဗျာ)
Monday, November 17, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment