ငါ့မှာအလွမ်းတွေဝေနေလို့
နင့်ဆီက အနမ်းတွေကို မမျှော်လင့်ခဲ့မိပါဘူး....။။
နင့်အတွက် ငါဟာ တခန်းရပ်ပြဇာတ်တပုဒ်ဖြစ်နိင်ပေမယ့်
ငါ့အတွက်တော့ နင်ဟာ တရုတ်သိုင်းကားလို
ဇာတ်လမ်းတွဲ တစ်ခုပါပဲ...
ဘယ်အချိန်ဇာတ်သိမ်းမလဲလို့ မျှော်တလင့်လင့်နဲ့
စောင့်စားနေတဲ့ ငါ့ကို မီးတော့ဖြတ်မပြစ်လိုက်ပါနဲ့ဟာ...။
နင့်ဆီက ဘာမှမမျှော်လင့်ခဲ့ပေမယ့်
နင်ကတော့ ငါ့ရဲ့အတွင်းအားတွေ အကုန်လုံးကို
ယူသွားခဲ့တယ်လေ......။
ငါ့မှာအမောဖေါက်လို့ သောကရောက်ချိန်မှာ
နင်က ဟောတစ်ရောက် ဟောတစ်ရောက် တွဲခဲ့တယ်လေ...
ငါ့ရင်တွေ ပူခဲ့ပေမယ့်
နင်တစ်ခါကြူလိုက်ရင် ပျောက်သွားပြန်တယ်..။
နင့်ရဲ့မလိမ့်တပတ်လုပ်ရပ်ကြောင့်
ငါ့ဦးနှောက်လည်း လိပ်ပတ်မလည်တော့ဘူး.......။
နောက်ဆုံး
နင်ပေးခဲ့တဲ့ဒဏ်ရာတွေကြောင့်
ငါ့ပခုံးမှာ အမာရွတ်တက်တော့မှ...
ငါ့ကိုယ်ငါ သိလိုက်တော့တယ်.....။
ဘာမှန်းမသိတဲ့ ကဗျာတွေရေးပြီး
ဘ၀ရဲ့နေရက်တွေ ဘယ်လိုကုန်းသွားမှန်း
မသိလိုက်ချိန်လိုက်မှာ ဘာဆက်ရေးရမှန်းမသိလို့
ဆက်ရန်ရှိသည်ပေါ့......။။။။
Monday, November 17, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment