မနေ့ညက စာလေးတပုဒ်ဖတ်လိုက်မိတာ ခေါင်းထဲကိုအတွေးတခုဝင်လာလို့ ဒီပို့စ်လေးကို ရေးလိုက်တာပါ
လောကမှာ ဂုဏ်ဓန၊မာန နှင့် ငွေ ဆိုတာဒွန်တွဲနေတယ်ဗျ ဂုဏ်ဓနရှိတဲ့သူကလဲ သူ့မှာရှိတဲ့ ဂုဏ်ဓနအလျှောက်မာနရှိကြတယ် ငွေရှိတဲ့သူကလဲ ငွေရှိတဲ့ဆိုတဲ့မာနလေးပေါ့ဗျာ
အဲ ဘာမှမရှိတဲ့သူကလဲ ဘာမှမရှိတဲ့အလျှောက်မာနလေးတော့ရှိကြတာပါပဲ ဒါပေမဲ့ ဓနဂုဏ်မောက်တယ် ဆိုတာက သိပ်ကောင်းတာမဟုတ်ဘူးဗျ ဒါတွေကအမြဲတည်မြဲနေမယ်လို့မှ ပြောလို့မရတာ
မတော်လို့ဗျာ မီးလောင်သွားလို့ ဖြစ်ဖြစ် ရေကြီးလို့ပဲဖြစ်ဖြစ် ကိုယ့်မှာရှိတဲ့စည်းစိမ် ဥစ္စာတွေ အကုန်ကုန်သွားပါပြီဆိုပါတော့ တချိန်က ကိုယ်နှိမ့်ချစွာဆက်ဆံခဲ့တဲ့ လူတွေနဲ့ တန်းတူအခြေအနေကိုရောက်သွားခဲ့ရင်.....................သို့မဟုတ် ထိုလူများထက်နိမ့်ကျသော အနေအထားသို့ရောက်ရှိသွားခဲ့ရင်...............
မဖြစ်နိုင်တာ ဒီကောင်တော့ညကောင်းကောင်းမအိပ်ပဲ ဂေါက်တောက်တောက်တွေ လျှောက်ရေးနေပြန်ပြီလို့ မထင်လိုက်ပါနဲ့ ဆူနာမီလိုလှိုင်းကြီးကို အရင်တုန်းကဘယ်သူက ဖြစ်နိုင်မယ်လို့ထင်မှာလဲ တကယ်လဲဖြစ်လာရော ရှိတဲ့မာနတွေ ဂုဏ်ဓနတွေ ငွေတွေ အသာထား ကိုယ်တောင်မနည်းအသက်ရှင်အောင်ပြေးကြရတာမလား
လူတချို့ရှိတယ်ဗျ ငါ့အဖေက ဘာမို့လို့ ငါတို့မှာပိုက်ဆံဘယ်လောက်ရှိလို့ ဆိုတဲ့မာနတွေနဲ့ လူတိုင်းကိုမတူသလိုမတန်သလို ဆက်ဆံတတ်ကြတယ် အဲဒီလိုလူတွေကိုကြည့်ပြီး သနားမိတယ်ဗျာ သူတို့မှာသူတို့မာနတွေ သူတို့ဂုဏ်ဓနတွေနဲ့ အတူတူ တဖြည်းဖြည်းလူအသိုင်းအ၀ိုင်းအပြင်ဘက်က သူတို့လိုမာနရှင်လူတန်းစားတွေ နဲ့အတူတူရောက်သွားတယ်ဆိုတာ သိလိုက်ကြမယ်မထင်ပါဘူး
ဆရာတယောက်ပြောတာမှတ်ထားဖူးပါတယ် တကယ်ကောင်းတဲ့စကားလေးပါ "ငါ့အဖေဆရာဝန် အင်ဂျင်နီယာ ပိုက်ဆံဘယ်လောက်ရှိတယ်ဆိုပြီး ဘ၀င်မြင့်မနေကြနဲ့ အဲဒါတွေကသူများဂုဏ်ကိုမှီပြီးဖြစ်နေတာ မင်းကိုယ်တိုင် ဆရာဝန် အင်ဂျင်နီယာမဟုတ်သေးဘူး ဆရာဝန့်သားသမီး အင်ဂျင်နီယာသားသမီးပဲဖြစ်သေးတာ ကိုယ်ကိုယ်တိုင် ဖြစ်အောင်လုပ်ပြီး ကိုယ့်ဂုဏ်နဲ့ကိုယ်နေနိုင်မှမြင့်ချင်မြင့်ကြ " တဲ့ သိပ်ကောင်းတဲ့စကားလေးပါ ကြာတော့ကြာပါပြီ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကဆရာတယောက်ပြောခဲ့တာပါ အကောင်ကြီးကြီးရဲ့သားတယောက် ဆရာကအတန်းနောက်ကျလို့ဆူတာကို မချေမငံပြောပြီး အပြင်ထွက်သွားတုန်းက ဆရာပြောခဲ့တဲ့စကားလေးပါ ကျွန်တော်တသက်လုံးအမှတ်ရနေမဲ့စကားလေးပါ
ဒါတွေပြောနေတော့ ဒီကောင်တော့ ကိုယ့်ထက်မြင့်တဲ့ ချမ်းသာတဲ့လူတွေကို မနာလိုဖြစ်ပြီး ရေးနေပြန်ပြီလို့တော့မထင်လိုက်ပါနဲ့ ကျွန်တော်က အတတ်နိုင်ဆုံးဓနဂုဏ်တွေ မာနတွေနဲ့ခပ်ဝေးဝေးမှာနေချင်တဲ့လူပါ လောလောဆယ်လဲဘာမှမရှိပါဘူးဗျာ ကွန်ပြူတာသေးသေးလေးတလုံးရယ် ပိုက်ဆံလေးတချို့ရယ်ပဲရှိတယ် တော်ပြီပေါ့
ဒီလောက်ဆိုလဲ
ကိုယ့်ကိုယ်ကိုဖေါ် မသူတော်တဲ့ ငါမသူတော်ကြီးဖြစ်နေပြန်ပြီလား မသိဘူး ဟီးဟီး ဘာလုပ်မှာလဲဗျာ
မာနတွေခဏလောက် ခ၀ါချပြီး လွတ်လွတ်လပ်လပ်လေး တချက်လောက်ပြုံးကြည့်လိုက်ပါ လောကကြီးကပျော်စရာကောင်းသွားပါလိမ့်မယ်
ခဏတာပဲနေရတဲ့ဘ၀ကြီးကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ
Saturday, November 29, 2008
Subscribe to:
Post Comments (Atom)
3 comments:
တင်းတိမ်ရောင့်ရဲတတ်သော-စေတန်---
ပိုစ့်ကောင်းလေးတပုဒ် ကို ဖတ်မှတ်သွားပါတယ်--
ကျေးဇူးတင်ပါတယ် အစ်မရေ
ဗုဒ္ဓက `ကုသိုလ်၊ ပညာ၊ ဥစ္စာ´ ရဖို့ သင့်ရာဒေသအမြဲနေ လို့မှာကြားခဲ့တာ ဖတ်ဖူးတယ်။ အခု လူတွေက `နာမည်၊ ဂုဏ်သိက္ခာ၊ အရှိန်အ၀ါ´ အဲဒါတွေရဖို့ မာနတွေ တစ်ခွဲသားနဲ့ ဖြစ်နေတော့တာပါပဲ။
တကယ်တမ်း ဘာဖြစ်တယ်၊ ဘယ်သူဖြစ်တယ်ဆိုတာက အဓိက မဟုတ်ဘူးလို့ ထင်တယ်။ (သူတောင်းစားပဲဖြစ်ဖြစ် နိုင်ငံ့ခေါင်းဆောင်ပဲဖြစ်ဖြစ်) အဓိကက သူဘယ်လိုလုပ်ပြီး ဘယ်လို နေထိုင်အသက်ဆက်တာကသာ အရေးပါတယ်လို့ ထင်တယ်။
Post a Comment