ကျောင်းပိတ်တော့မည်
တိတ်တိတ်ကလေး၊ အပြေးမဟုတ်
လက်ကိုရုတ်လျှက်၊ သူနှုတ်ဆက်ပြီ
သစ်ပုတ်ပင်အို၊ ကံ့ကော်ပျိုနှင့်
ရေညိုအင်းလျား၊ မသွားနှင့်ဆို
တားရင်းငိုသည်၊ ငါ့ကိုတွယ်ငင်
သံယောဇဉ်နှင့်၊ သည်တွင်ငါမွေ့
သည်ငွေ့ငါလှုံ၊ သည်ဘုံငါ့နန်း
သည်လမ်းငါလျှောက်၊ ဆုံးခန်းရောက်ပြီ
တထောက်နားပြီး၊ ငါခရီးကို
ငါ့ချည်းသက်သက်၊ ခရီးဆက်အံ့
တန့်လျှက်မနေ၊ ပညာမွေဖြင့်
ငါ့ပြည်အကျိုး၊ ငါသယ်ပိုးအံ့
ရိုကျိုးစဉ်လာ၊ မြတ်ဆရာနှင့်
သီလာတက်က၊ ကျွန်းညိုမြကို
ဘ၀တစ်ကွေ့၊ ငါမမေ့ပြီ
မျက်ရည်ဝေ့၀ဲ၊ လမ်းအခွဲမှာ
ငါပဲနှုတ်ဆက်လိုက်ပါပြီ။ ။
(ကျွန်တော့်အမေ ၁၉၄၇ ခုနှစ်အင်းလျားဆောင်မှာ ကျောင်းတက်တုန်းကရေးခဲ့တဲ့ကဗျာလေးပါ။ အမေ့ဗီဇပါတယ်လို့ပြောလို့ရမယ်ထင်တယ် ကျွန်တော်လဲကဗျာအရမ်းရေးချင်တယ် ဒါပေမဲ့ကျွန်တော်ရေးတဲ့ကဗျာတွေက ဟိုရောက်လိုက်ဒီရောက်လိုက်နဲ့ ဘာကိုဆိုလိုချင်မှန်းကိုမသိတာ ဟီးဟီး)
Monday, November 17, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment