ချစ်သူ...
မင်းရဲ့ အလှဆုံးအချိန်ဟာ...ညနေခင်းဆိုရင်
အဲ့ဒီအချိန်မှာ ငါအိပ်နေချင်တယ်...။
ချစ်သူ...
မင်းရဲ့ အသံလေးတွေက... အချိုသာဆုံးဆိုရင်
မင်းစကားပြောတဲ့အခါ မင်းနဲ့အဝေးမှာ နေချင်တယ်...။
ချစ်သူ...
မင်းရဲ့ မျက်ဝန်းလေးတွေဟာ... အတောက်ပဆုံးဆိုရင်
မင်းကိုတွေ့တဲ့အခါ မျက်လွှာချပြီးနေချင်တယ်...။
ချစ်သူ...
မင်းရဲ့ ရနံ့လေးတွေဟာ.......မွှေးပျံ့ဆုံးဆိုရင်
မင်းအနားရောက်တဲ့အခါ ငါ နှာစေးချင်တယ်...။
ချစ်သူ...
မင်းရဲ့ ခြေလှမ်းတိုင်းဟာ... အညင်သာဆုံးဆိုရင်
မင်းလျှောက်တတ်တဲ့လမ်းကို ငါဘယ်တော့မှ မလာချင်ဘူး...။
အဲဒါတွေ ဘာကြောင့်လဲဆိုတော့
မင်းနဲ့ ပတ်သတ်တဲ့ အရာအားလုံးဟာ ငါ့ကို ရူးသွပ်စေလို့ပဲ...။
ဒါပေမယ့် ငါရူးသွားခဲ့တယ်...
ငါ နင့်ကို ချစ်သွားမိခဲ့တယ်လေ...။
အဲ့ဒီအတွက် ရလဒ်ကို ငါမလိုချင်ဘူး.
အချစ်ဟာ ရယူချင်းလား...........?
ပေးဆပ်ချင်းလားတဲ့................?
လူတိုင်းက မေးကြတယ်...။
ငါကတော့ နင့်ကို အဲ့ဒီနှစ်ခုရဲ့ ကြားက ဗလာနယ်မှာ ထားချင်တယ်.....
ချစ်သူဆိုတဲ့ စကားလုံးအောက်မှာ
ငါ့ကိုယ်ငါ မချုပ်နှောင်ချင်သလို
နင့်ကိုလည်း ငါမချုပ်နှောင်ချင်ဘူး...။
နင့်ရဲ့ အဖြေ ဘယ်လိုနေမှန်းမသိပေမယ့်
ငါကတော့ စိတ်ကူးနဲ့ ရူးနေပြီ.....
အဲ့ဒါကြောင့် ပြောတာ
နင်နဲ့ မပတ်သက်ချင်ပါဘူးလို့....။
(မပြောဖြစ်ခဲ့တဲ့ရင်ထဲကစကားတချို့ပါဗျာ)
Monday, November 17, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment