တချိန်တုန်းက
မီးပျက်တဲ့ညတွေမှာ လမင်းကြီးကို ငေးကြည့်ခဲ့ဖူးတယ်။
တချိန်တုန်းက
မီးမှောင်မှောင်နဲ့ မိန်းကလေးအဆောင်ရှေ့မှာ ဂစ်တာတီးခဲ့ဖူးတယ်။
တချိန်တုန်းက
သီချင်းတွေ အကျယ်ကြီးအော်ဆိုပြီး ဆိုင်ကယ်စီးခဲ့ဖူးတယ်။
တချိန်တုန်းက
ရွှေမန်းရဲ့နံနက်ခင်းတွေကို ငိုက်မြည်းစွာ ကျော်ဖြတ်ခဲ့ဖူးတယ်။
တချိန်တုန်းက
ကွမ်းယာတွေစားပြီး သွားနီနီနဲ့ နေခဲ့ဖူးတယ်
တချိန်တုန်းက
...................................................
ဟာ စာမရေးတာကြာတော့ ဖီးတွေတောင် ဘယ်ရောက်ကုန်ပြီလဲမသိဘူး
လူလဲ အူကြောင်ကြောင်နဲ့ ဂေါက်နေပြီ
အရင်တုန်းကဆိုရင် သူငယ်ချင်းတွေကို လက်ဖက်ရည်တိုက်ပြီး ကဗျာဖတ်ခိုင်းလို့ရတယ်
အခုတော့ ငါတယောက်တည်း ဖီးတက်နေလိုက်မယ်
ဟာ...လုံးဝဖီးလ် ပဲကွာ
(တခါတလေတော့လဲ အရင်ကဘ၀လေးကိုပြန်လိုချင်တယ်ဗျ ညစ်ပတ်တယ်ပြောပြော ဆင်းရဲတယ်ပြောပြော နိမ့်ကျတယ်ပြောပြော ကိုယ်မွေးတဲ့နိုင်ငံကိုတော့ဘယ်တော့မှ မေ့လို့မရပါဘူးဗျာ မနက်ဆို ဆိုင်ကယ်လေးစီးပြီကျောင်းသွား သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်မှာဆုံပြီး ညကဘောပွဲအကြောင်းပြော ညင်းကြကုန်ကြနဲ့ပျော်စရာတော့ကောင်းတယ် ပြီးရင်မိန်းထဲက ကတုံးကြီးဆိုင်မှာ နှပ်ဆေးအုန်းသီးကြော် ၂၀၀ဖိုးဝယ် အတန်းသွားတက် နေ့လယ်ဆိုရှမ်းဆိုင်ပဲဖြစ်ဖြစ် ထမင်းဆိုင်၁ ဆိုင်ဆိုင်မှာ ထမင်းဝင်စား ညနေအတန်းမရှိရင် စနူကာဆိုင်ရောက် အိမ်ကပေးတဲ့မုန့်ဖိုးကိုကုန်အောင်ဆော့ ပိုက်ဆံမရှိတော့ရင် လက်ဖက်ရည်လေး ၁ ခွက်ဝယ်သောက်ပြီးအိမ်ပြန် ညနေကျ မန္တလေးတောင်ခြေကဓါတ်ဆီဆိုင်မှာ ဆီသွားထုတ် ပြီးရင်ဘော်ဒါတွေအဆောင်ဝင်ပြီး တွေ.တယ်သူ ၁ ယောက်ယောက်နဲ့ လက်ဖက်ရည်သွားသောက် ညနေ ၈ နာရီလောက်ဆိုအိမ်ပြန် စာမေးပွဲမရှိရင် စာကျက်ချင်ယောက်ဆောင်ပြီး ၀တ္ထုတွေဖတ် ၁၂ နာရီလောက်ဆိုအိပ် ဘယ်လောက်ပျော်စရာကောင်းလဲ ဘ၀လေးက ပျော်စရာလေးနော် ပြောရင်းနဲ့အခုတောင်ပြန်ချင်လာပြီ လုပ်ကြပါဦး)
Monday, November 17, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment