Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, January 7, 2009

ကိုယ်လန့်နိုးချင်တဲ့ နတ်သမီးအိပ်မက်

သူငယ်ချင်းလို့ မခေါ်နဲ့ ။
နင့် အသက်ရှုသံတွေ
ခိုးခိုးနမ်းဖူးတဲ့ငါ
လိပ်ပြာမလုံလွန်းလို့.........။

ရူးသွပ်တယ်ပဲပြောပြော
အစွန်းရောက်တယ်ပဲ ဆိုဆို
နင်သာ ငါ့ညတို့ရဲ့ နတ်သမီးပျိုပါ...။

ခက်တာက နင်ကလဲ
ဘယ်ဆောင်းကမှ လက်သင့်မခံတဲ့
နှင်းတပွင့်မဟုတ်ခဲ့ဘူးလေ....။

မျက်စိမှိတ်တီးနေကြတဲ့
လက်ခုပ်သံတွေကြား
ရှေ့ ဆက်မတိုးဝံ့တဲ့ ဒီဆင်ကန်းကိုကျ
ဘယ်သူက စာနာပေးမှာလဲ....။

တစ်..
နှစ်...
သုံး..အော်ပြီးနင့်ကို
(လွယ်လွယ်လေး)မုန်းလို့ရရင်လဲ အကောင်းသား..။

လက်ခမောင်းခတ်ခွင့်ချောင်းနေတဲ့
တောကြောင်တသိုက်စာရင်းမှာ
ငါမပါချင်လို့ပါ...။

(ကျွန်တော့်သူငယ်ချင်း ကြယ်စုတ်ကြယ်ပဲ့ရဲ့ ကဗျာလေးပါ)

6 comments:

Murasaki Hime said...

ဒီကဗျာ ကြိုက်တယ်

Welcome said...

စာသားနုနုကဗျာလေး လာဖတ်တယ်
အားပေးလျက်ပါ

Anonymous said...

ကဗျာစာသားလေးတွေကနုတယ် ကောင်းတဲ့ကဗျာလေးတစ်ပုဒ်ပါ လာလည်တာကျေးဇူးပါ.

မသက်ဇင် said...

ကဗျာကောင်းလေးတပုဒ်လာဖတ်ပါတယ်--
ပျော်ရွှင်ပါစေ---

Anonymous said...

ဒီကဗျာကောင်းတယ် .. ကြိုက်တယ် .. =)

မသက်ဇင် said...

သင်္ကြန်ရေလို အေးမြပါစေ
မြန်မာပြည်သူများ သာယာဝပြောပါစေ
ငြိမ်းချမ်းကြပါစေ
ဘဝ နဲ့ ဆန္ဒတထပ်တည်းကျကြပါစေ