Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, June 5, 2009

ကျွန်တော်တို့ကတဲ့ပွဲ (၂ )

ဒီနေ့ တင်စရာကလဲမရှိ စာရေးဖို့စဉ်းစားတော့လဲအကြောင်းအရာက ရှာမတွေ့တာနဲ့ ကျောင်းက သံချပ်လေး နဲ့ အဆိုတော်တချို့ကို တင်ပေးလိုက်ပါတယ် professional တွေမဟုတ်ပေမယ့် ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ပွဲလေးဖြစ်အောင် ကြိုးစားခဲ့ကြတဲ့ ကျောင်းကသူငယ်ချင်းများအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်...
LONG LIVE IMF!!! :)



သံချပ်မောင်တို့လာပြီနော်







ဦးရွှေရိုး နဲ့ ဒေါ်မိုး





မန်းတောင်ရိပ်ခိုတဲ့ သင်္ကြန်မယ်များ





"ကြာပါတယ်ကွာ" တဲ့ ဂျင်နီက





ဗီလိန် အိတ်ကြီး



(နောက်နေ့မှ ထပ်ပြီးတင်ပါဦးမယ် ဒီညတော့ ဘယ်လိုဖြစ်လဲမသိပါဘူးဗျာ ၃ မိနစ်လောက်ပဲကြာတဲ့ upload က တခါတင်ရင် တခုကို နာရီဝက်လောက်ကြာတယ် ဒီဗီဒီယိုလေး ၆ ခုကို ၃ နာရီလောက်ကြာတယ်ဗျာ ၂ နာရီလဲခွဲသွားပြီ ဆက်တင်ရင် ကျွန်တော်လဲ ညအိပ်ရမှာ မဟုတ်တော့ဘူး မနက်ကျောင်းသွားတက်လိုက်ပါဦးမယ် :D )

အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ

Saturday, May 30, 2009

ကျွန်တော်တို့ကတဲ့ပွဲ :)

ကျွန်တော်တို့ Singapore Informatics Thingyan ကို ၂၄.၅.၂၀၀၉ မှာကျင်းပခဲ့ပါတယ် ဒီပွဲလေးကိုဖြစ်မြောက်အောင် ကျွန်တော်တို့ကျောင်းသားတွေ ဧပရယ်လလောက် ထဲကကြိုတင်လုပ်ခဲ့ရတာပါ ဘာပဲပြောပြော ဒီပွဲလေးကိုလုပ်ရတာ ပင်ပန်းပေမယ့် နောက်တခါထပ်ဖြစ်ချင်ပါသေးတယ် ပျော်စရာကောင်းလွန်းလို့ပါ မနက်ဆိုစောစောထ ကျောင်းသွား သူငယ်ချင်းတွေစုပြီး အလုပ်လုပ်တာကနည်းနည်း ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ပျော်စရာကြီး နေ့ခင်းကရင် ပြဇာတ်တိုက်တဲ့ သူငယ်ချင်းတွေထိုင်ကြည့် သူတို့ဟာသတွေကိုရီ ညနေကျရင် ပင်ပန်းတာ အကြောင်းပြ ဟဲဟဲ ဘာညာသာဒကာ ဘီယာသောက်ပေါ့ဗျာ ဟဲဟဲ ပျော်စရာကြီးနော် ပွဲပြီးတဲ့နေ့ကဆို ဆန်ပြုတ်ရောင်းတဲ့သူတွေ ဘာတွေတောင်ရှိတယ် (နာမည်တော့ ထည့်မပြောတော့ဘူးနော် တော်ကြာ အရိုက်ခံရမှာကြောက်လို့ ဟဲဟဲ) ဘာပဲပြောပြောပါ ဒီသူငယ်ချင်းတွေနဲ့ ဒီလိုပွဲလေး နောက်တခါတော့လုပ်ချင်သေးပါတယ်



ကျောင်းက MD Mr. Alan Phua မှသင်္ကြန်ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးစဉ်




အခမ်းအနားစတော့မယ်


သင်္ကြန်မယ်တွေပျော်ပါစေ





ဒေးဗစ်သာအေးနှင့် ရာဇာလောဘ (ပြဇာတ်)






ရှာပုံတော်မင်းသားကြီး





ဦးရွှေရိုးနဲ့ဒေါ်မိုး





သံချပ်မောင်များ




ပွဲကလဲမစသေးဘူး






IMF အဖွဲ့သားတွေ




ဟေးလားမောင်တို့ ၀ါး.............................



မောတော့မောတာပေါ့ ဒါပေမဲ့ မမောဘူး




Big Bag နဲ့အတူခုန်ခဲ့ကြတယ်






ဒရမ်ပေါက်အောင် တီးပစ်မယ်



security များ


အောင်မြင်စွာ အဆုံးသတ်ပြီးပျော်ရွှင်နေကြသူများ





အခု စာအရမ်းရေးချင်နေတာနဲ့ ကျွန်တော့်မှာရှိတဲ့ပုံလေးတွေနဲ့ ဆောင်းပါးတပုဒ်ဖြစ်အောင် ရေးလိုက်တာပါ ကျန်ရှိနေသေးတဲ့ပုံတွေကိုတော့ နောက်နေ့မှ ရှာပြီးတင်ပေးတော့မယ် အားလုံးပဲကျန်းမာပျော်ရွှင်နိုင်ကြပါစေ

နတ်ဆိုးပြန်လာခြင်း

ကျွန်တော်ဘလော့လေးကို ပစ်ထားတာ ၆ လလောက်ရှိပြီဗျာ ဒီကြားထဲမှာ စာမေးပွဲပြီးတော့ အိမ်ပြန်သွားတာနဲ့ လုံးလုံးကို မ၀င်ကြည့်ဖြစ်တော့ဘူး ဒါပေမဲ့ မလုပ်တတ် လုပ်တတ်နဲ့ အပင်ပန်းခံပြီး လုပ်ထားရတဲ့ ဘလော့လေးဆိုတော့လဲ မမေ့ဘူးဗျ အခု ညနေလဲ တယောက်ထဲထိုင်နေတာ ပျင်းပျင်းရှိတာနဲ့ ဘာလုပ်ရင်ကောင်းမလဲ တွေးနေတာ ဘလော့လေးကို သတိရတာနဲ့ ပြန်ရေးလိုက်တာပါ ကျွန်တော် ပို့စ်အသစ်မတင်ပဲ ပစ်ထားခဲ့တဲ့ ဘလော့လေးကို လာလည်ပေးကြတဲ့ ဘလော့ဂါအကို အစ်မတွေ အားလုံးကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်

Wednesday, January 7, 2009

ကိုယ်လန့်နိုးချင်တဲ့ နတ်သမီးအိပ်မက်

သူငယ်ချင်းလို့ မခေါ်နဲ့ ။
နင့် အသက်ရှုသံတွေ
ခိုးခိုးနမ်းဖူးတဲ့ငါ
လိပ်ပြာမလုံလွန်းလို့.........။

ရူးသွပ်တယ်ပဲပြောပြော
အစွန်းရောက်တယ်ပဲ ဆိုဆို
နင်သာ ငါ့ညတို့ရဲ့ နတ်သမီးပျိုပါ...။

ခက်တာက နင်ကလဲ
ဘယ်ဆောင်းကမှ လက်သင့်မခံတဲ့
နှင်းတပွင့်မဟုတ်ခဲ့ဘူးလေ....။

မျက်စိမှိတ်တီးနေကြတဲ့
လက်ခုပ်သံတွေကြား
ရှေ့ ဆက်မတိုးဝံ့တဲ့ ဒီဆင်ကန်းကိုကျ
ဘယ်သူက စာနာပေးမှာလဲ....။

တစ်..
နှစ်...
သုံး..အော်ပြီးနင့်ကို
(လွယ်လွယ်လေး)မုန်းလို့ရရင်လဲ အကောင်းသား..။

လက်ခမောင်းခတ်ခွင့်ချောင်းနေတဲ့
တောကြောင်တသိုက်စာရင်းမှာ
ငါမပါချင်လို့ပါ...။

(ကျွန်တော့်သူငယ်ချင်း ကြယ်စုတ်ကြယ်ပဲ့ရဲ့ ကဗျာလေးပါ)

စိတ်ကူးယဉ်ပုံရိပ်များ

ဝှိုက် က tag ထားတာကြာပါပြီ
ကျွန်တော်လဲ ကျောင်းကပိတ်ထားတော့ အရင်တုန်းက ဂိမ်းမဆော့ရတာ အတိုးချပြီးဆော့နေတာနဲ့ ဘလော့လေးကို လှည့်မကြည့်ဖြစ်ဘူး အခုမှရေးဖြစ်တာ မလေးစားသလိုဖြစ်သွားရင် တောင်းပန်ပါတယ်နော်
ကျွန်တော်က အသက်သာ ၂၀ ကျော်နေတာ (ကြေညာဝင်ခြင်း ဟီး) အခုထိ ကလေးလိုပဲ ဂိမ်းဆော့တယ်ဆို ထမင်းမေ့ ဟင်းမေ့ဆော့တာ အချိန်မကြည့်လို့ ထမင်းဆိုင်ပိတ်ပြီး ညစာမစားရတဲ့ညတွေက လဲမနည်းတော့ဘူး ဟီး ပြောချင်တာတွေ လျှောက်ပြောနေတာ လိုရင်းမရောက်တော့ဘူး

စိတ်ကူးယဉ်တော့မယ်နော်

စိတ်ကူးယဉ်တော့မယ်ဆိုတော့ စဉ်းစားမိတာလေးတခု ရှိတယ်
ငယ်ငယ်တုန်းက အသက် ၁၆ ၁၇ လောက်တုန်းက စိတ်ကူးတွေနဲ့ အခုစိတ်ကူးတွေက မတူတော့ဘူးဗျ
စကားကြီးစကားကျယ်ပြောတာတော့ ဟုတ်ပါဘူးဗျာ
ဒါပေမဲ့ ငယ်ငယ်တုန်းက ဘာစိတ်ကူးယဉ်မလဲဆိုရင်
ကိုယ်ကြိုက်တဲ့ကောင်မလေးအကြောင်းတို့ ဆိုင်ကယ်တို့ပေါ့ဗျာ
ကျွန်တော်က မန္တလေးသားဗျ မန္တလေးမှာမွေးတာတော့ ဟုတ်ပါဘူး
ဒါပေမဲ့ ၅ တန်းကစပြီး မန္တလေးမှာကျောင်းတက်ခဲ့တာ အသက် ၂၀ ထိပေါ့ဗျာ
တော်တော်ကြာကြာလေးနေခဲ့တာ ပြီးတော့ မန္တလေးကိုကြိုက်လို့ဗျ
မနက် ကျောင်းသွားတိုင်း ဆောင်းတွင်းဆို နှင်းတွေ မြူတွေဆိုင်းနေတဲ့ ကျုံးနဲ့နန်းတော်ရဲ့ မြင်ကွင်းဟာ ကျွန်တော်အကြိုက်ဆုံးရှုခင်းတွေပေါ့ဗျာ မနက်စောစော ဆိုင်ကယ်လေးစီးပြီး ကျောင်းသွားရတဲ့ အရသာဟာ ဘာနဲ့မှလဲလို့မရဘူးဗျ
အဲဒီတော့ အဲဒီအရွယ်တုန်းက ဆိုင်ကယ်ကို စိတ်ကူးယဉ်တယ်ဗျာ ဘယ်ဆိုင်ကယ်ကို ငါစီးရရင်ကောင်းမှာပဲပေါ့
လူငယ်ဘ၀က စိတ်ကူးတွေပေါ့ဗျာ
ဘယ်ကောင်မလေးက ငါ့ရည်းစားဖြစ်ရင်ကောင်းမယ်ပေါ့ ဟီးဟီး
နည်းနည်းတော့ အူကြောင်ကြောင်နိုင်တယ် ဒါပေမဲ့ သူ့အရွယ် သူ့ခံစားချက်ပေါ့ဗျာ
၁၆ ၁၇ တုန်းက နှလုံးသားနဲ့စိတ်ကူးယဉ်တယ် ဖြစ်သင့်တာထက် ဖြစ်ချင်တာတွေ များတဲ့စိတ်ကူးတွေပေါ့ဗျာ

အခုအရွယ်ကျတော့ အသက် ၂၀ ကျော်လောက်ကျတော့ စိတ်ကူးတွေက နည်းနည်းလက်တွေ့ဆန်သွားပြီဗျ
အမေ့အိမ်မှာနေတုန်းက လောကအကြောင်းဘာမှမသိ အချိန်တန်ရင် အမေခူးကျွေးတဲ့ထမင်းစားပြီး
ပေါ့တယ် ငန်တယ်ပြောပြီး နေခဲ့တာ အခုတော့ တယောက်တည်းနေပြီး ရေတောင် ကိုယ်မထည့်ရင် သောက်စရာမရှိတဲ့ ဘ၀ဆိုတော့ လောက အကြောင်းတစေ့တစောင်းတော့ သိလာပြီပေါ့ဗျာ
လောကနဲ့ယှဉ်ပြီး ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေတာ အခုထိအိမ်က ပို့ပေးတဲ့ပိုက်ဆံထိုင်သုံးနေဆဲပါပဲ ဟီး

ပြောချင်တာတွေပြောနေတာ ဆိုလိုရင်းမရောက်တော့ဘူး (၂ ခါရှိပြီ ) ကျွန်တော်က အဲဒီလိုပဲ စကားတခွန်းကို လိုရင်းရောက်အောင်မပြောတတ်ဘူး ဝေ့လည်ကြောင်ပတ်နဲ့ ရောက်ချင်တာတွေ ရောက်ရောက်သွားတတ်တာ ဟီး

အခုတကယ်စယဉ်ပြီနော်
....................................................
အခုကျွန်တော် ကျောင်းပြီးဆိုပါတော့ဗျာ
ဒီနေ့အောင်စာရင်းထွက်တယ်ဗျာ မနက်ကျတော့ အလုပ်ခေါ်စာ ၃ ခုက အီးမေးထဲရောက်နေတယ်
ဖွင့်ကြည့်တော့ ပထမအလုပ်က လခ ၃၀၀၀ ဒုတိယအလုပ်က ၂၅၀၀ တတိယအလုပ်က ၂၀၀၀
(အများကြီးတော့ မှန်းတော့ဘူး ဟီး)
အဲဒါနဲ့စဉ်းစားကြည့်မိတာပေါ့ဗျာ
၃၀၀၀ အလုပ်ကို လုပ်ရင် နည်းနည်းပင်ပန်းမယ် ဒါပေမဲ့ပိုက်ဆံတော့များများရမယ်
၂၀၀၀ အလုပ်ကို လုပ်ရင် လူတော့နည်းနည်းသက်သာမယ် ဒါပေမဲ့ပိုက်ဆံက နည်းနည်း နည်းတယ်ဗျ
၂၅၀၀ အလုပ်ကို လုပ်ရင် လူလဲသိပ်မပင်ပန်းဘူးပေါ့ဗျာ ပိုက်ဆံလဲမဆိုးဘူးပေါ့ဗျာ
(နည်းနည်းတော့ အူကြောင်ကြောင်ဆန်တဲ့အတွေးနော် ဟီး)
အဲဒါနဲ့ ၂၅၀၀ အလုပ်ပဲ ၀င်လုပ်လိုက်တယ်ဗျာ
မဆိုးပါဘူး (ဘာလုပ်ရတာလဲဆိုတာတော့ တွေးမကြည့်ရသေးဘူး နောက်မှစဉ်းစားကြည့်မယ်)
လူလဲသိပ်မပင်ပန်းဘူး
ကျွန်တော် ၁ ယောက်စာက ၂၅၀၀ ဆိုပိုတောင်နေသေးတယ်
ပထမဆုံးလခထဲက ၁၀၀၀ ကို အဖေနဲ့အမေ့ကို ပို့ပြီးကန်တော့မယ်ဗျာ
အမေတို့ပို့ပေးခဲ့တဲ့ဟာတွေနဲ့ စာရင်တော့ မြူမှုန်လောက်ပဲရှိပါတယ်
ဒါပေမဲ့ မိဘဆိုတာ နည်းတယ်များတယ် ကြည့်တာမဟုတ်ပါဘူးဗျာ
သားသမီးက သိတတ်တယ်ဆိုတာလေးကိုပဲ လိုချင်ကြတာပါ
ဒါပေမဲ့မသိတတ်လဲ အပြစ်ဆိုမှာ မဟုတ်ပါဘူးဗျာ

ဆက်ပြောမယ်နော်
အဲဒီလိုအလုပ်လုပ်ရင်း ၁ နှစ်လောက်နေတော့ ထီပေါက်တယ်ဗျာ
(ဘယ်လောက်လဲတော့ အတိအကျမှန်းမကြည့်ရသေးဘူး ဟီး နည်းနည်းတော့များတယ်)
ထီပေါက်တဲ့ပိုက်ဆံကို အဖေနဲ့အမေရဲ့ ဘဏ်အကောင့်ထဲကို တ၀က်ထည့်ပေးမယ်
ပိုတဲ့ပိုက်ဆံကို မန္တလေးမှာ ခြံလေးတကွက်ဝယ်မယ်
ဆိတ်ငြိမ်ရပ်ကွက်လေး ထဲမှာပေါ့
လူကြီးတွေက ဆူသံညံသံသိပ်မကြိုက်ကြဘူးလေ

ပြီးရင် တထပ်အိမ်လေး တလုံးဆောက်မယ်
အိမ်လေးကို အပြာနုရောင်ဆေးလေး သုတ်မယ်
အိမ်လေးထဲမှာ ရေကန်လေးထားမယ် အဲဒီထဲမှာ ကြာပင်လေးတွေစိုက်မယ်
ခြံထဲမှာ နှင်းဆီပင်လေးတွေ စိုက်ထားမယ် (အမေကို နှင်းဆီကြိုက်တယ် ပန်းတွေပွင့်ရင် ဘုရားမှာပူဇော်ရတာပေါ့ ကုသိုလ်လဲရတယ်)
ပြီးရင် စံပယ်ပင်လေးတွေလဲ စိုက်ထားမယ်
မနက်စောစော စံပယ်ပန်းလေးတွေပွင့်တာ ကြည့်ရတာ အရမ်းစိတ်ကြည်နူးဖို့ကောင်းတယ်
ဒါပေမဲ့ အပင်တွေတော့အများကြီး မစိုက်ဘူး
မြွေတွေဘာတွေ ရှိမှာစိုးလို့

ပြီးရင် ခွေးလေးတကောင်မွေးမယ်
အိမ်လဲ ညရေးညတာ အစောင့်ရတာပေါ့
နောက်ပြီးတော့ ကျွန်တော့်အခန်းလေးထဲမှာ မှန်ကန်လေးနဲ့ အိမ်ဂျယ်ငါးလေး နှစ်ကောင်မွေးထားမယ်
စကားမစပ်ပြောရဦးမယ်
ကျွန်တော်က ငါးလေးတွေမွေးရတာ ၀ါသနာပါတယ်
မန္တလေးမှာတုန်းက ငါးတွေမွေးထားတာ အများကြီးပဲ
အခုတော့ အခြေအနေအရ မမွေးနိုင်ပါဘူးဗျာ
ရွှေငါးတော့ မမွေးတော့ဘူး ဒီကောင်တွေက အစားလဲကြီးတယ် ပြီးတော့ မစင်တအားစွန့်တာ
ခဏနေရင် ကန်ကညစ်ပတ်နေပြီ
ခဏခဏ ရေလဲပေးရတယ်
အိမ်ဂျယ်လေးတွေကျတော့ ရွှေငါးတွေလောက် အစားလဲမကြီးဘူး
ငြိမ်ငြိမ်လေးကူးပြီး ရေကလဲ တလတခါတောင် လဲပေးစရာမလိုဘူး
တခါတလေစိတ်ညစ်ရင် ငါးကန်လေးရှေ့မှာ ၁ နာရီလောက်ထိုင်ပြီး ကြည့်နေလိုက်ရင်
စိတ်ညစ်တာတွေ ပျောက်သွားရော
အဲဒါကြောင့် ငါးကန်လေးတော့ထားမယ်

အဲဒါနဲ့ စကားမစပ်ပြောဦးမယ် ဟီး
ကျွန်တော်တခါက ငါးတွေရောင်းတဲ့ဆိုင်က ဦးလေးကြီးကို မေးကြည့်ဖူးတယ်
ဒီလို ကန်ထဲမှာလှောင်ထားတာ အကုသိုလ်မရဘူးလားလို့ပါ
သူကပြောတယ် ဒါသူတို့သဘာဝပဲလေတဲ့
မင်း သူတို့ကို သနားလို့ မြောင်းထဲသွားလွတ်ကြည့်ပါလား
ညစ်ပတ်နေတဲ့ရေထဲမှာ တနာရီတောင်မခံဘူး ချက်ချင်းသေမှာတဲ့
သူပြောတော့ ဟုတ်သလိုတော့ရှိသား
စာဖတ်သူတော့ ဘယ်လိုမြင်လဲ မသိဘူး

ပြောရင်းနဲ့ လိုရင်းပျောက်ပြန်ပြီ
ဆက်ပြောမယ်နော် ဟီး
ပြီးရင် အိမ်မှာ မနက်တိုင်းဆွမ်းခံကြွဖို့ အမေတို့ကိုးကွယ်တဲ့ဘုန်းကြီးကျောင်းက ကိုယ်ရင်နှစ်ပါးလောက် သွားပင့်မယ်
မနက်စောစော အိမ်ကိုဆွမ်းခံကြွတဲ့ ကိုယ်ရင်လေးတွေကို ဆွမ်းလောင်းရတာ တကယ်ကြည်နူးဖို့ကောင်းတယ်
ကိုယ်ရင်လေးကို ပင့်ရတဲ့အကြောင်းက ဦးဇင်းကြီးတွေက ဆွမ်းသိပ်မရှားဘူးဗျာ
ကိုယ်ရင်လေးတွေကျတော့ အသက်ကလဲငယ်
ပြီးတော့ သာသနာကိုကြည်ညိုလို့သာ အမိအဖတွေနဲ့ခွဲပြီး လာနေနေကြတာ
များသောအားဖြင့်က ရွာကလာကြတာများတယ်ဗျာ
အဲဒီတော့ များသောအားဖြင့် ကိုယ်ရင်လေးတွေက ဆွမ်းရှားတယ်ဗျ
ကိုယ်ရင်လေးတွေကို ဆွမ်းလောင်းတော့ အိမ်လဲကုသိုလ်ရ
ကျွန်တော်လဲ ကုသိုလ်ရတာပေါ့ဗျာ

ပြီးတော့ ကျွန်တော့်မန္တလေးအိမ်နားက ကားဂိတ်က ဦးရှမ်းကြီးကို ကားမောင်းဖို့ခေါ်ထားမယ်
ဦးရှမ်းဆိုတာ အသက် ၄၅ နှစ်လောက်ရှိပြီ
ကျွန်တော့်ကို အရမ်းခင်တာ သူ့ညီလေးလိုပဲ လိုတာအကုန်လုပ်ပေးတယ်
ပိုက်ဆံလိုချင်လို့ ဟုတ်ဘူးနော် စေတနာသက်သက်နဲ့ကို ကူညီတာ
အရက်မသောက် ဆေးလိပ်မသောက် တကယ်လူကောင်းကြီး
သူ့ကိုခေါ်ထားတော့ အိမ်မှာလူကြီးအစောင့်လဲရတယ်
ကျွန်တော်က အလုပ်ကိစ္စတွေရှိနေတော့ သွားလိုက်ပြန်လိုက်ဆိုတော့ အိမ်မှာသိပ်နေနိုင်မှာမဟုတ်ဘူး ဟဲဟဲ
အဖေကလဲ လားရှိုးမှာဆိုတော့ အိမ်မှာ ယောကျာ်းတယောက်ရှိတာ
အားကိုးရတာပေါ့ဗျာ

ပြီးတော့ အသက် ၄၀ လောက်ရရင်တော့ မြန်မာပြည်မှာပဲပြန်နေတော့မယ်ဗျာ
ဘယ်နေရာတွေ ဘယ်လောက်တိုးတက်တယ်ပဲပြောပြော
ကိုယ့်တိုင်းပြည်လေးပဲ ကိုယ်ချစ်တယ်ဗျာ
အသက်ကြီးရင်တော့ မြန်မာပြည်မှာပဲ ပြန်နေမယ်
အမေတို့ အဖေတို့လဲ အသက်ကြီးပြီတော့ မိဘနားမှာပဲ နေပြီးစောင့်ရှောက်ချင်တယ်ဗျာ
ပြောမယ့်သာပြောရတာ အိမ်မှာ ကျွန်တော်က ကလေးပေမယ့် တခုတခုကိစ္စဆို ကျွန်တော်ပဲလုပ်ပေးနေကျ
လက်တိုလက်တောင်း မီးစက်ပြင်ပေါ့ဗျာ အဲဒီလိုလေးတွေလုပ်ပေးနေကျ
တခါတခါ အမေဖုန်းဆက်ရင်ပြောတယ် ငါ့သားမရှိတာ အမေအပြင်သွားရင်တောင် လိုက်ပို့ပေးမဲ့သူ မရှိတော့ဘူးတဲ့
အသက် ၃၀-၃၅ လောက်ကျရင်တော့ အဖေ အမေ အနားမှာပဲနေတော့မယ်ဗျာ

သြော်တခုကျန်သေးတယ်
အိမ်ထောင်လား ဟီး ဒါကတော့ အမေပေးစားရင်တော့ယူမယ်
ကိုယ့်အစွမ်းအစနဲ့ကတော့ ဂိမ်းထဲကကောင်မလေးပဲရမှာ ဟီးဟီး
အမေမပေးစားတော့လဲ လူပျိုကြီးပေါ့ဗျာ ဒါလဲတမျိုးကောင်းပါတယ်
အပူအပင်မရှိတော့ဘူးပေါ့

ဒါကတော့ ကျွန်တော်စိတ်ကူးလေးတွေပါ
ဝှိုက်ရေ ရေးလိုက်ပြီနော်
အကြာကြီးနေမှ ရေးတာ မလေးစားလို့ဟုတ်ဘူးနော်
အခုမှစိတ်ကူးလေးရလို့
စဉ်းစားနေတာတော့ကြာပြီ
အခုမှ စိတ်ကူးရလို့ ထရေးလိုက်တာ



ဒါကတော့ ကျွန်တော်ချစ်တဲ့ အိမ်ဂျယ်ငါးလေးပါ
နှစ်ကောင်တွဲပုံရှာတာ မတွေ့လို့