ကျွန်တော်တို့ Singapore Informatics Thingyan ကို ၂၄.၅.၂၀၀၉ မှာကျင်းပခဲ့ပါတယ် ဒီပွဲလေးကိုဖြစ်မြောက်အောင် ကျွန်တော်တို့ကျောင်းသားတွေ ဧပရယ်လလောက် ထဲကကြိုတင်လုပ်ခဲ့ရတာပါ ဘာပဲပြောပြော ဒီပွဲလေးကိုလုပ်ရတာ ပင်ပန်းပေမယ့် နောက်တခါထပ်ဖြစ်ချင်ပါသေးတယ် ပျော်စရာကောင်းလွန်းလို့ပါ မနက်ဆိုစောစောထ ကျောင်းသွား သူငယ်ချင်းတွေစုပြီး အလုပ်လုပ်တာကနည်းနည်း ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ပျော်စရာကြီး နေ့ခင်းကရင် ပြဇာတ်တိုက်တဲ့ သူငယ်ချင်းတွေထိုင်ကြည့် သူတို့ဟာသတွေကိုရီ ညနေကျရင် ပင်ပန်းတာ အကြောင်းပြ ဟဲဟဲ ဘာညာသာဒကာ ဘီယာသောက်ပေါ့ဗျာ ဟဲဟဲ ပျော်စရာကြီးနော် ပွဲပြီးတဲ့နေ့ကဆို ဆန်ပြုတ်ရောင်းတဲ့သူတွေ ဘာတွေတောင်ရှိတယ် (နာမည်တော့ ထည့်မပြောတော့ဘူးနော် တော်ကြာ အရိုက်ခံရမှာကြောက်လို့ ဟဲဟဲ) ဘာပဲပြောပြောပါ ဒီသူငယ်ချင်းတွေနဲ့ ဒီလိုပွဲလေး နောက်တခါတော့လုပ်ချင်သေးပါတယ်
ကျောင်းက MD Mr. Alan Phua မှသင်္ကြန်ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးစဉ်

အခမ်းအနားစတော့မယ်

သင်္ကြန်မယ်တွေပျော်ပါစေ

ဒေးဗစ်သာအေးနှင့် ရာဇာလောဘ (ပြဇာတ်)

ရှာပုံတော်မင်းသားကြီး

ဦးရွှေရိုးနဲ့ဒေါ်မိုး

သံချပ်မောင်များ

ပွဲကလဲမစသေးဘူး

IMF အဖွဲ့သားတွေ

ဟေးလားမောင်တို့ ၀ါး.............................

မောတော့မောတာပေါ့ ဒါပေမဲ့ မမောဘူး

Big Bag နဲ့အတူခုန်ခဲ့ကြတယ်

ဒရမ်ပေါက်အောင် တီးပစ်မယ်

security များ

အောင်မြင်စွာ အဆုံးသတ်ပြီးပျော်ရွှင်နေကြသူများ

အခု စာအရမ်းရေးချင်နေတာနဲ့ ကျွန်တော့်မှာရှိတဲ့ပုံလေးတွေနဲ့ ဆောင်းပါးတပုဒ်ဖြစ်အောင် ရေးလိုက်တာပါ ကျန်ရှိနေသေးတဲ့ပုံတွေကိုတော့ နောက်နေ့မှ ရှာပြီးတင်ပေးတော့မယ် အားလုံးပဲကျန်းမာပျော်ရွှင်နိုင်ကြပါစေ
3 comments:
ဟေ့ကောင်လေး ငါလာသွားတယ်။ ဓါတ်ပုံတွေကြည့်သွားတယ်။ မိုက်တယ်။ဂွတ်ထ ဂွတ်ထ
ကျေးဇူးပဲ ဓါတ်ပုံတွေက အများကြီးကျန်သေးတယ် အခုရှိတာလေးတွေပဲ တင်ထားတာ နောက်လဲလာခဲ့ဦးနော်
ဆက်သာလုပ်ဗျာ ကောင်းတယ်
Post a Comment