Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, November 29, 2008

မာန၊ အတ္တ နှင့် ဂုဏ်ဓနများ

မနေ့ညက စာလေးတပုဒ်ဖတ်လိုက်မိတာ ခေါင်းထဲကိုအတွေးတခုဝင်လာလို့ ဒီပို့စ်လေးကို ရေးလိုက်တာပါ

လောကမှာ ဂုဏ်ဓန၊မာန နှင့် ငွေ ဆိုတာဒွန်တွဲနေတယ်ဗျ ဂုဏ်ဓနရှိတဲ့သူကလဲ သူ့မှာရှိတဲ့ ဂုဏ်ဓနအလျှောက်မာနရှိကြတယ် ငွေရှိတဲ့သူကလဲ ငွေရှိတဲ့ဆိုတဲ့မာနလေးပေါ့ဗျာ
အဲ ဘာမှမရှိတဲ့သူကလဲ ဘာမှမရှိတဲ့အလျှောက်မာနလေးတော့ရှိကြတာပါပဲ ဒါပေမဲ့ ဓနဂုဏ်မောက်တယ် ဆိုတာက သိပ်ကောင်းတာမဟုတ်ဘူးဗျ ဒါတွေကအမြဲတည်မြဲနေမယ်လို့မှ ပြောလို့မရတာ

မတော်လို့ဗျာ မီးလောင်သွားလို့ ဖြစ်ဖြစ် ရေကြီးလို့ပဲဖြစ်ဖြစ် ကိုယ့်မှာရှိတဲ့စည်းစိမ် ဥစ္စာတွေ အကုန်ကုန်သွားပါပြီဆိုပါတော့ တချိန်က ကိုယ်နှိမ့်ချစွာဆက်ဆံခဲ့တဲ့ လူတွေနဲ့ တန်းတူအခြေအနေကိုရောက်သွားခဲ့ရင်.....................သို့မဟုတ် ထိုလူများထက်နိမ့်ကျသော အနေအထားသို့ရောက်ရှိသွားခဲ့ရင်...............

မဖြစ်နိုင်တာ ဒီကောင်တော့ညကောင်းကောင်းမအိပ်ပဲ ဂေါက်တောက်တောက်တွေ လျှောက်ရေးနေပြန်ပြီလို့ မထင်လိုက်ပါနဲ့ ဆူနာမီလိုလှိုင်းကြီးကို အရင်တုန်းကဘယ်သူက ဖြစ်နိုင်မယ်လို့ထင်မှာလဲ တကယ်လဲဖြစ်လာရော ရှိတဲ့မာနတွေ ဂုဏ်ဓနတွေ ငွေတွေ အသာထား ကိုယ်တောင်မနည်းအသက်ရှင်အောင်ပြေးကြရတာမလား

လူတချို့ရှိတယ်ဗျ ငါ့အဖေက ဘာမို့လို့ ငါတို့မှာပိုက်ဆံဘယ်လောက်ရှိလို့ ဆိုတဲ့မာနတွေနဲ့ လူတိုင်းကိုမတူသလိုမတန်သလို ဆက်ဆံတတ်ကြတယ် အဲဒီလိုလူတွေကိုကြည့်ပြီး သနားမိတယ်ဗျာ သူတို့မှာသူတို့မာနတွေ သူတို့ဂုဏ်ဓနတွေနဲ့ အတူတူ တဖြည်းဖြည်းလူအသိုင်းအ၀ိုင်းအပြင်ဘက်က သူတို့လိုမာနရှင်လူတန်းစားတွေ နဲ့အတူတူရောက်သွားတယ်ဆိုတာ သိလိုက်ကြမယ်မထင်ပါဘူး

ဆရာတယောက်ပြောတာမှတ်ထားဖူးပါတယ် တကယ်ကောင်းတဲ့စကားလေးပါ "ငါ့အဖေဆရာဝန် အင်ဂျင်နီယာ ပိုက်ဆံဘယ်လောက်ရှိတယ်ဆိုပြီး ဘ၀င်မြင့်မနေကြနဲ့ အဲဒါတွေကသူများဂုဏ်ကိုမှီပြီးဖြစ်နေတာ မင်းကိုယ်တိုင် ဆရာဝန် အင်ဂျင်နီယာမဟုတ်သေးဘူး ဆရာဝန့်သားသမီး အင်ဂျင်နီယာသားသမီးပဲဖြစ်သေးတာ ကိုယ်ကိုယ်တိုင် ဖြစ်အောင်လုပ်ပြီး ကိုယ့်ဂုဏ်နဲ့ကိုယ်နေနိုင်မှမြင့်ချင်မြင့်ကြ " တဲ့ သိပ်ကောင်းတဲ့စကားလေးပါ ကြာတော့ကြာပါပြီ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကဆရာတယောက်ပြောခဲ့တာပါ အကောင်ကြီးကြီးရဲ့သားတယောက် ဆရာကအတန်းနောက်ကျလို့ဆူတာကို မချေမငံပြောပြီး အပြင်ထွက်သွားတုန်းက ဆရာပြောခဲ့တဲ့စကားလေးပါ ကျွန်တော်တသက်လုံးအမှတ်ရနေမဲ့စကားလေးပါ

ဒါတွေပြောနေတော့ ဒီကောင်တော့ ကိုယ့်ထက်မြင့်တဲ့ ချမ်းသာတဲ့လူတွေကို မနာလိုဖြစ်ပြီး ရေးနေပြန်ပြီလို့တော့မထင်လိုက်ပါနဲ့ ကျွန်တော်က အတတ်နိုင်ဆုံးဓနဂုဏ်တွေ မာနတွေနဲ့ခပ်ဝေးဝေးမှာနေချင်တဲ့လူပါ လောလောဆယ်လဲဘာမှမရှိပါဘူးဗျာ ကွန်ပြူတာသေးသေးလေးတလုံးရယ် ပိုက်ဆံလေးတချို့ရယ်ပဲရှိတယ် တော်ပြီပေါ့
ဒီလောက်ဆိုလဲ
ကိုယ့်ကိုယ်ကိုဖေါ် မသူတော်တဲ့ ငါမသူတော်ကြီးဖြစ်နေပြန်ပြီလား မသိဘူး ဟီးဟီး ဘာလုပ်မှာလဲဗျာ

မာနတွေခဏလောက် ခ၀ါချပြီး လွတ်လွတ်လပ်လပ်လေး တချက်လောက်ပြုံးကြည့်လိုက်ပါ လောကကြီးကပျော်စရာကောင်းသွားပါလိမ့်မယ်

ခဏတာပဲနေရတဲ့ဘ၀ကြီးကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ

ချစ်သူ

မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်၊၊

အလွန်ဝေးကွာသည့်အရပ်ကို ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်၊၊

အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲကို စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိနေတတ်ပြန်ပါသည်၊၊

သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့)ချစ်သူသာဖြစ်ပါ၏ ၊၊


ဆရာကြီး မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ကဗျာလေးပါပဲ
ကျွန်တော် အရမ်းကြိုက်တဲ့ကဗျာလေးပါ

ထာဝရ

ပွင့်လျှင်လည်းနမ်း
နွမ်းလျှင်လည်းကောက်
ခြောက်လျှင်လည်းသိမ်း
တိမ်းညွတ်တွယ်မက်
သည်တသက်မှာ
တပွင့်သာလေ
စွမ်းလန်းနေမည်
ဝေေ၀ကြွေကြွေ မြတ်နိုး၏

ဆရာကြီး မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ကဗျာလေးပါ

Wednesday, November 26, 2008

Missing You

Tuesday, November 25, 2008

ကျေးဇူးတင်လွှာ

ဒီနေ့ စာလေးတပုဒ်လောက်ရေးချင်တာ ရေးစရာအကြောင်းက ခေါင်းထဲကမထွက်ဘူး
ဒါနဲ့ ညနေအိမ်ကိုဖုန်းဆက်ရင်း ညီမတယောက်ပြောတဲ့ အကယ်ဒမီပေးပွဲဆိုတာ သတိရတာနဲ့ ဒီပိုစ့်လေးကို ရေးလိုက်တာပါ

ဘာဆိုင်လို့တုန်းဟ ဆိုင်တာပေါ့ဗျာ အကယ်ဒမီပေးပွဲမှာ အကယ်ဒမီရရင် ကျေးဇူးတင်စကားပြောတယ်လေ ကျွန်တော်က အကယ်ဒမီတော့မရပါဘူး ရမှာလဲမဟုတ်ပါဘူး ဘာလို့လဲဆိုတော့ မင်းသားမှမဟုတ်တာဗျ ဟုတ်တယ်မလား စိတ်ထဲပေါ်တာတွေလျှောက်ပြောနေတာနဲ့ ရေးမယ့်အကြောင်းအရာတောင် ဘယ်ရောက်သွားလဲမသိဘူး
အတည်ရေးတော့မယ်နော်
(အကယ်ဒမီပေးပွဲကလိုဖြစ်သွားရင်တော့ ကြိုပြီးတောင်းပန်တယ်နော် ဟီး)

ပထမဆုံးကျေးဇူးတင်ချင်တာကတော့ ကျွန်တော့်ကိုဒီအရွယ်ထိရောက်အောင် ကျွေးမွေးပညာသင် ကျွန်တော်ဆိုးသမျှကိုသည်းခံတဲ့ အဖေနဲ့အမေကိုပါ (အခုနိုဝင်ဘာလမှာ အမေ့မွေးနေ့ မကန်တော့လိုက်ရဘူးဗျာ ဒီကနေပဲဦးချလိုက်ပါတယ် အမေရေ)

နောက်ပြီး ကျွန်တော်ဘလော့စရေးတုန်းက မေးသမျှကိုစိတ်ရှည်ရှည်နဲ့ ဖြေပေးတဲ့ ဆရာအောင်ဇော်ဌေး

ကျွန်တော့်ပထမဆုံးဘလော့ (အခုအပြင်လွန်လို့ပျက်သွားပါပြီ) ထဲက အမြဲတမ်းအားပေးစကားပြော အမြဲတမ်းဖတ်ပေးတဲ့ ကိုညို

ပို့စ်တခုတင်ပြီးတိုင်း အားမှန်းမအားမှန်းမသိ အတင်းလင့်ပေးပြီးဖတ်ခိုင်းတိုင်းဖတ်ပေးတဲ့ Gtalk ကသူငယ်ချင်းများ

ညမအိပ်တိုင်း ကော်မန့်ဝင်ရေးတတ်တဲ့ ဂျေကြီး

ဘလော့ပုံစံလေးပြင်တိုင်း ၀င်ကြည့်ဆိုရင်ကြည့်ပေးရှာတဲ့ ညီငယ် ပန်ကီ

ဒဿနတွေပြောပြတတ်တဲ့ ကိုကြီးကံ နဲ့ရုရှားရောက်နောင်တော်များ

ကျွန်တော့်ဗရုတ်သုတ်ခများကို ဖတ်ပေးကြတဲ့သူငယ်ချင်းများ

ကျွန်တော့်စာပေလေးများကို အားပေးသွားတဲ့ အစ်ကိုဇောင်းကိုရဲကြီးကိုဖန်ခါးမြေကိုနွေဆူးလင်္ကာ ၊ပန်းကလေး

ကျွန်တော့်ဘလော့လေးကို အမြဲတမ်းအားပေးတဲ့ ကိုဘာဘူ

အခုကျွန်တော် ရေးတဲ့အထဲမှာ ကျန်သွားတဲ့သူငယ်ချင်းများအားလုံး

စီဘောက်မှာ မရေးပဲလာလည်သွားကြတဲ့ သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်လို့ ပြောချင်ပါတယ်

တကယ်ပြောတာဗျ
မနက်အိပ်ရာနိုးလို့ ပထမဆုံးဘာလုပ်လဲလို့မေးရင် မျက်နှာသွားသစ်တာပေါ့လို့ မထင်နဲ့နော်
ပထမဆုံး ဘလော့လေးကို အရင်ဝင်ကြည့်မိတယ်
စီဘောက်မှာ ဘယ်သူဘာရေးခဲ့လဲပေါ့
တယောက်ယောက်က ကော်မန့်ရေးပေးခဲ့ရင် အဲဒီနေ့က ပျော်လို့မဆုံးဘူး
ကျွန်တော်ပထမဘလော့လေးပျက်ပြီး ဆက်ရေးနေမိတာကလဲ
အဲဒီခံစားချက်လေးကို ကြိုက်လို့ပါ
အဲဒါကပြောပြလို့မရဘူးဗျ ဒါပေမဲ့တော်တော်တော့မိုက်တယ်
မယုံဘူးဆိုရင်တော့ ကိုယ်တိုင်ဘလော့လေးတခုလောက်ကို ရေးကြည့်ကြပေါ့ဗျာ
(အခုဒီပို့စ်လေးကို ဖတ်နေတဲ့သူငယ်ချင်းများကိုလဲ ကျေးဇူးအထူးတင်ရှိပါကြောင်း)