အတိတ်တွေက မှုန်ဝါးပေမယ့်
ငါတို့နှစ်ဦး ဇာတ်လမ်းမှာ တချို့နေရာက
အကောင်းအတိုင်းရှိနေဆဲပါပဲ
ဟိုတကွက် ဒီတကွက် ပိတ်သားထက်
အရင်လို ကြည့်မကောင်းပေမဲ့ မြင်ရတယ်
အဓိပါယ်မရှိတာ သိပေမယ့်
တခါတလေ တိုက်ဆိုက်မှုတွေ ရှိလာတော့လဲ
အမှတ်တမဲ့ မင်းကို လွမ်းပါတယ်
အပေါ်ယံ ရှပ်ထိသော ဒဏ်ရာမဟုတ်တော့
လွယ်ကူစွာနဲ့ / လွယ်လွယ် ငါ မေ့မရဘူးကွယ်
တွေ့ရင် မှတ်မိဦးမယ် ထင်ပါတယ်
နှစ်တွေ လတွေက အတော်ကြာပြီပဲ
ဘယ်ဆီကို မင်း ရောက်နေမလဲ
ဘာတွေကို မင်း လုပ်နေမလဲ
ဘယ်သူနဲ့ မင်း ရှိနေမယ်
တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့
ပြန်စဉ်းစားရင်းနဲ့ သတိရပါတယ်
ဘာတွေကို မင်း လုပ်နေမလဲ
ဘယ်သူနဲ့ မင်း ရှိနေမယ်
တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့
ပြန်စဉ်းစားရင်းနဲ့
တခါတလေ ငါ သတိရပါတယ်
(ကိုလေးဖြူရဲ့ နောက်ဆုံးခွေထဲက သီချင်းလေးပါ အရမ်းကြိုက်လို့တင်ပေးလိုက်ပါတယ် ဟီး စာရေးစရာမရှိလို့ လျှောက်လုပ်တာလဲ နည်းနည်းပါတယ်)
Wednesday, December 24, 2008
Subscribe to:
Post Comments (Atom)
1 comment:
ကျေးဇူးပါ ... သီချင်းစာသားလေးနဲ့ သီချင်းတွဲနားထောင်လို့ရတာပေါ့ ...
Post a Comment