Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Monday, December 22, 2008

စာရေးရန်ခေါင်းစဉ်ရှာခြင်း

ဒီလ ၁၅ ရက်နေ့ကစပြီး စာမေးပွဲတွေပြီးပြီဗျာ အဲဒါနဲ့အရင်တုန်းက သိပ်မဆော့ရတဲ့ဂိမ်းကို အခုအတိုးချဆော့နေလို့ စာသိပ်မရေးဖြစ်တာ (လျှောက်ပြောတာ စာမေးပွဲရှိလဲ နည်းနည်းတော့ဆော့တာပဲ ဟီး) စာမရေးဖြစ်ပေးမဲ့ ဘလော့လေးကိုတော့ နေ့တိုင်းဝင်ကြည့်ဖြစ်ပါတယ် ပြီးတော့ စာရေးတာကလဲ အကြောင်းအရာတခုခုကို ခံစားပြီးရေးမှ ရေးစရာကထွက်လာတာ (ဤနေရာတွင် လေသံသည် နည်းနည်း ဆရာကြီးဂိုက်ဖမ်းလိုက်သည်) အခုက အပြင်လဲသိပ်မသွားဖြစ်တော့ ရေးစရာအကြောင်းအရာလဲ သိပ်မတွေ့ဘူးဖြစ်နေတယ် ဒီနေ့တော့ အပြင်သွားစရာကိစ္စလေး တခုပေါ်လာတယ် ပြန်လာရင်တော့ ရေးစရာ အကြောင်းတခုခုလောက်တော့ရမယ်ထင်တာပဲဗျာ ကျွန်တော့်ဘလော့လေးကို အသစ်မတင်လဲ လာလည်ပေးတဲ့ ဘလော့ဂါနောင်တော်ကြီး အစ်မတော်ကြီးအပေါင်းကို ကျေးဇူးတင်ပါတယ်ဗျာ

No comments: