သြော်လူ့ဘဝ
တခဏတာဆိုပေမယ့်
ရှုပ်ထွေးပွေလီလှပါသကော
ဂုဏ်တစ်ခုအတွက်ရုန်းကန်
ဘ၀မှာအချိန်မှန်မှန်
စက်ရုပ်သဏ္တန်
ငွေကြေးဓန
မရှိမဖြစ်ပါ့ဆိုပြီး
ရှာကြဖွေကြ
အချိန်တန်တော့လဲ မပြန်လမ်းကို
မြန်းရတာချည်းပဲ
သူဖုန်းစားက တနေ့စာအတွက်ပူ
သဌေးကြီးက သိန်းထောင်ချီရှုံးလို့ငူ
ရှာကြဖွေကြ ငွေဓနတွေ
သေကြရှာတော့လဲ အမွေလို့
လူကြားကောင်းအောင်ပြောပြီး
ယူကြငင်ကြ
နောက်ဆုံးဘာရလဲ
၁ ရက် ၂ ရက်စာအငိုတွေနဲ့
ဟန်ဆောင်ဝမ်းနည်းတဲ့လူတချို့ရဲ့ ၀မ်းနည်းစကားတချို့
ပန်းစည်းနည်းနည်းနဲ့ မပြန်လမ်းကိုရောက်ကြတာပါပဲ
ဒါပေမဲ့လဲ
မလျှောက်လို့ကမဖြစ်
လူရယ်လို့ဖြစ်လာပြန်တော့လဲ
ဟိုဂုဏ် ဒီဂုဏ်တွေနဲ့
အလွှမ်းခံရတော့ ထုံပြီး
ဒီသံသရာစက်ဝိုင်းကြီးမှာ ပျော်ပျော်ကြီး
ဝင်အလှည့်ခံကြတော့တာပါပဲ
ငါလည်းဝင်လည်နေတာ
အခုဆိုတော်တော်ခရီးရောက်နေပြီ
တခါတရံတော့လဲ
ဂုဏ်ဓနစက်ဝိုင်းရဲ့ အပြင်ဘက်က
နေရာလေးတခုကို
သွားကြည့်ချင်တယ်
ဒါပေမဲ့လဲ
ဂုဏ်ဓနစက်ဝိုင်းအောက်မှာ
မရုန်းနိုင်ပဲ ပျော်ပျော်ကြီးဝင်လည်နေကြတာ
ဘ၀အဆုံးထိတိုင်ပဲဖြစ်နေတော့မှာပါ
Saturday, December 6, 2008
Subscribe to:
Post Comments (Atom)
3 comments:
ဟင်းးးးးးးးးဘ၀ကြီးက ရှုပ်ထွေးလွန်းတယ်....
လောကကြီးရဲ့ နိယာမတွေကို လွန်ဆန်နိုင်သေးဘူးဗျာ....
ကျနော်လည်း ၀င်လည်နေတာ
အခုဆိုတော်တော်ခရီးရောက်နေပြီ......
တစ်ခါတစ်လေ ငြီးငွေ့တယ်ဗျာ.......
လူတိုင်းက ကိုယ့်problem နဲ.ကိုယ်ပေါ့ Everyone thinks his own burden the heaviest.
ကျွန်တော်လဲ တခါတလေတော်တော်ငြီးငွေ့တယ်ဗျာ ဒါပေမဲ့မလျှောက်လို့မှမရတာဗျာ ဒီလိုနဲ့ဘ၀ကြီးကပြီးသွားမှာပါပဲ လာလည်ပေးတာကျေးဇူးအများကြီးတင်ပါတယ်ဗျာ
Post a Comment